Final

6.6K 772 58
                                    

"Jimin?"

"...."

ဘာမှပြန်မဖြေပဲ ဆိုဖာပေါ်တွင်ထိုင်ကာ နှုတ်ခမ်းကြီးဆူပုတ်နေတဲ့ ကြောင်ပေါက်လေးကိုကြည့်ပြီး Jungkook တိတ်တခိုးရယ်မိသည်

သူသိပါသည် ဒီကြောင်ကလေး သဝန်တိုနေ၍စိတ်ကောက်နေခြင်းပင်

"Jimin ကိုယ့်ဆီကို လာပါဦး"

တုတ်တုတ်တောင်မလှုပ်ပဲနေနေသည့်အတွက်

"အား... ခေါင်းနာလိုက်တာ"

ဟန်ပါပါနာချင်ယောင်ဆောင်ပြလိုက်တော့ ကြောင်ကလေးသည် အနားကို အပြေးရောက်လာသည်

"Hyung တော်တော်နာနေလား ကျွန်တော် ဆရာဝန်သွားခေါ်ပေးရမလား"

စိတ်ပူစွာ ကျွန်တော့်ခေါင်းကို ဖွဖွလေးကိုင်နေသည့် ကြောင်ပေါက်ကို ခါးကနေဆွဲယူကာ အနားကိုတိုးလာစေသည် ထို့နောက် ကြောင်ကလေး၏ရင်ခွင်ထဲခေါင်းတိုးဝင်ကာ

"ဟင့်အင်း Jimin ရှိရင်ရပြီ ဆရာဝန်မလိုဘူး"

"ဟာ hyung ကလည်း နာနေရင် ဆရာဝန်ခေါ်ရမှာပေါ့ ကျွန်တော်က ဘာလုပ်တတ်မှာမို့လို့လဲ"

"Jimin လုပ်ပေးနိုင်တာတစ်ခုတော့ရှိတယ်"

"ကျွန်တော် ဘာလုပ်ပေးရမလဲ"

"Hyung ကိုနမ်း"

ရင်ခွင်ထဲဝင်တိုးနေသဖြင့် သိသိသာသာမြန်ဆန်လာသော Jimin ရဲ့နှလုံးခုန်သံသည် Jungkook အတွက်တော့ သာယာနာပျော်ဖွယ် တေးသီချင်းတစ်ဖွယ် မော့မကြည့်ပေမဲ့လည်း ဒီကောင်လေး မျက်နှာရှက်သွေးဖြာနေမည်မှာလည်း သေချာသလောက်ပင်

"အာ... ဘာတွေပြောနေလဲမသိဘူး"

ရှက်ရှက်နှင့်သူ့ကိုတွန်းထုတ်ကာ ဆိုဖာသို့ပြန်သွားမည်အလုပ် လက်ကိုလှမ်းဆွဲကာ နှုတ်ခမ်းသားနှစ်ခုကို ထပ်တူကြစေလေသည်

နူးညံ့သောအနမ်းမှ ပြင်းရှသောအနမ်းသို့ဦးတည်ဖို့ ကြံရွယ်နေချိန်

"omo တောင်း...တောင်းပန်ပါတယ်ရှင့်"
သူနာပြုNoona က ကိုယ်တွေကြည်နူးနေချိန် ကွက်တိရောက်လာသည် သူလည်းမျက်နှာပူသွားသည်ထင်သည် တံခါးကြီးပိတ်ပြီး ပြန်ထွက်သွားသည်

Your Calico CatWhere stories live. Discover now