51🔞

1.2K 48 7
                                    

"အဟွန့်...ငါ့ကိုစိတ်ပူတယ်ပေါ့"

"အင်း..."

"ဘာလို့လဲ"

ပြီတီတီနဲ့ပြန်မေးတာကိုတကယ်ကြီးစိတ်ကုန်လိုက်တာ။
အဲလိုတွေမမေးဘဲနဲ့မဖြစ်ဘူးလား။

"ဦးသျှောင်...မင်းနော်...
ငါ့ကိုအဲလိုတွေသိပ်မပြောနဲ့ဆို"

"ဟီး...ငါ့ကိုကြောက်နေသေးတာပဲ"

"ကျစ်...ငါထွက်သွားလိုက်ရမလား"

"ထားခဲ့ရက်လို့လားဟင်...ကျောက်စိမ်း"

ပုခုံးစွန်းလေးတွေခိုးနမ်းပြီးဖက်လိုက်...ပါးလေးငုံ့နမ်းလိုက်နဲ့၊
ကျောက်စိမ်းကိုပုခုံးနောက်ကနေသိုင်းဖက်ထားတာ...
အရမ်းကိုကြည်နူးနေတဲ့အပြုံးနဲ့လေ...။
ဒီအခန်းလေးထဲမှာမင်းကိုအမိဖမ်းမယ်လို့စိတ်ကူးထားခဲ့ဖူးတယ်...ကျောက်စိမ်းရဲ့။
ဒီညကတော့ဒုတိယအကြိမ်ပေါ့...။
ပျက်စီးသွားခဲ့တဲ့ပထမအကြိမ်ကိုအခုထိလွမ်းနေတုန်း...သတိရနေမိတုန်းပဲ...။
မင်းကရောလွမ်းမနေခဲ့ဘူးလား...?...ငါ...သိချင်တယ်။

"ကျောက်စိမ်း...ငါ့ကိုမလွမ်းခဲ့ဘူးလားဟင်..."

သျှောင်မေးလာတဲ့မေးခွန်းကဖြေဖို့မခက်ပေမယ့်...
အနီးကပ်ကြီးဖြစ်နေတဲ့သူတို့အနေအထားကတော့ကျောက်စိမ်းအတွက်ခက်ခဲ၏။

လွမ်းတယ်လို့ပြောမိရင်...သူ့ကိုဦးသျှောင်ကလှောင်ရယ်နေဦးမလားမသိပါဘူး...။
သျှောင်က...သူ့ခါးကိုဖက်ထားပြီးပုခုံးပေါ်မှေးတင်ပြီးအနီးကပ်ကြီးငေးနေတာ...
ကျောက်စိမ်းနေလို့ထိုင်လို့မကောင်းတော့ပါ။

"မင်းဟိုဘက်လှည့်နေရင်ဖြေပေးမယ်"

မပွင့်တပွင့်နဲ့...သွေးတိုးစမ်းပြီးသျှောင့်ကိုအကျပ်ကိုင်မိတော့...
ရယ်သံလွင်လွင်လေးကိုခပ်တိုးတိုးကြားရသည်...။

"ဟား...ဘာလို့လဲ၊ ငါ့ကိုထပ်မကြည့်ရဲပြန်ဘူးလား၊
မင်းကရယ်ရတယ်နော်...
ငါ့ကိုဆေးတိုက်ပြီးတော့လိုချင်တာယူတယ်...
ပြီးရင်ပစ်ထားခဲ့တယ်၊
အဲဒီညတွေဆိုငါ့ကိုမသနားခဲ့ဘူးလားဟင်...
ဖြေပါ။
နောက်ပြီးတော့... ငါ့ကိုအရက်နဲ့ရောပြီးဆေးတွေတိုက်ပြီးမင်း...လိုချင်တာယူနေတာတွေကိုငါသိနေခဲ့မှာကြောက်တာလား..ဟင်...!..."

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now