ပါးပါးဦးသျှောင်ကိုကျတော့အစကတည်းကသူ့ကိုနွေးထွေးယုယပေးခဲ့လို့...
သံယောဇဉ်ကြီးခဲ့တာပါ။
ပါးပါးလို့နောက်ကွယ်မှာအခေါ်သင်ပေးခဲ့တဲ့အဖွားတို့ကြောင့်ပဲပိုပြီးချစ်ခဲ့မိတာ။

အဲဒီပါးပါးနဲ့ဖေဖေတို့ကအတူတူယှဉ်တွဲပြီးရှိနေတဲ့အချိန်တွေဆိုရင်...
သူ့ရင်ထဲမှာအရမ်းနေလို့ကောင်းပါတယ်။
ပျော်ပါတယ်။
နွေးထွေးပါတယ်။
ဆိုးတာကစကားမပြောဘဲမှုန်တေနေတဲ့ဖေဖေနဲ့...
သိပ်ပြီးယုယုကြင်နာတတ်တဲ့ပါးပါးတို့ကအမြဲလိုလိုကီးမကိုက်ကြတာကိုမြင်ပါတယ်။
သူ့ကိုအမြဲကာကွယ်ပေးတဲ့ပါးပါးကသူ့ကြောင့်ဖေဖေ့ကိုရန်လုပ်တတ်ပါတယ်။
ဖေဖေ့ကဆိုးနေတာခံစားမိပေမယ့်...
စိတ်မကောင်းပါဘူး။
မဖြစ်စေချင်ခဲ့ဘူး။
ပါးပါးရယ်...ဖေဖေ့ကိုမလုပ်ပါနဲ့လို့တားခဲ့ပါတယ်။
သူ့စကားနဲ့...ပါးပါးလက်တွေရပ်တန့်သွားတာကိုသူအရမ်းကျေနပ်ပါတယ်။
ငါဟာ...ပါးပါးကိုလှုပ်ခတ်စေနိုင်စွမ်းရှိပါလားလို့ကိုယ့်ဘာသာကျေနပ်မိတယ်။
ပါးပါးနဲ့ဖေဖေကအတူတူအိပ်မှန်းသိသွားတဲ့အချိန်တွေဆိုအရမ်းပျော်ခဲ့ရတာ။
ဘာမှန်းမသိပဲကျေနပ်နေတာပါ။
ကြိုး...ကိုပါခေါ်အိပ်စေချင်တာ၊
ဘယ်အချိန်တွေကတည့်သွားလဲဆိုပြီးတော့...
အံ့သြပျော်ရွှင်ရသေးတာ။
ဒါပေမဲ့...ဖေဖေကအမြဲဖျက်ဆီးပါတယ်။
ပါးပါးကိုမလိုလားဟန်နဲ့အမြဲနေခဲ့တာ၊
စိတ်မကောင်းတွေဖြစ်ခဲ့ရတယ်။
ကြိုး...အပေါ်မှာမယုယခဲ့တာထက်ပိုစိတ်မကောင်းဖြစ်ရတာ...
ပါးပါးကိုရန်လုပ်နေတတ်တာပါ။

အဖွားချော့သိပ်တဲ့ပုံပြင်တွေထဲမှာ...
ဝက်ဝံမိသားစုဆိုတာရှိပါတယ်။
ဖေဖေဝက်ဝံရယ်၊ မေမေဝက်ဝံရယ်၊ သားလေးဝက်ဝံရယ်ပါ။
အဲဒါမိသားစုလို့ခေါ်သတဲ့။
ဖေဖေဝက်ဝံနဲ့မေမေဝက်ဝံကချစ်ကြလို့...
သားလေးဝက်ဝံဖြစ်ပြီးမိသားစုဖြစ်ခဲ့တာတဲ့။
ဒါဆိုကြိုးမှာရော...ဖေဖေမေမေမိသားစုရှိသလားဟင်။
ဖေဖေနဲ့မေမေကရော....
ကြိုးရဲ့ဖေဖေကျောက်စိမ်းရှိနေတာကတော့ထားပါတော့...
ပါးပါး...
ပါးပါးကဘာလဲဟင်။
နားမလည်ဘူး။
အဖွားရှင်းပြတာကတော့...
သားရယ်၊ ပါးပါးရယ်၊ ဖေဖေရယ်ကမိသားစုပါတဲ့။
သားကဖေဖေ့ဗိုက်ထဲကထွက်တာတဲ့။
သားလေးဝက်ဝံကျတော့မေမေဗိုက်ထဲကထွက်တာဆို။
ဘာလို့ကြိုး...ကကျတော့ဖေဖေ့ဗိုက်ထဲထွက်တာလဲ။
အဲဒါကိုမရှင်းသေးဘူး။
အဖွားကတော့ပြောတယ်...
မညာပါဘူးတဲ့...တကယ်ကိုဖေဖေ့ဆီကနေနှောင်ကြိုးကဖြစ်ပေါ်လာတာတဲ့။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now