{17} pretty lies

Începe de la început
                                    

Jennie...မိမိကို လှမ်းမကြည့်ပဲ ပွစိပွစိပြောနေတဲ့
သူ့အသံကို ကြားဖြစ်အောင်ကြားလိုက်သည်။

"Boh....ဘာပြောလိုက်တာ...."

"Arrni....နို့များများနဲ့မလား...အခုပဲဖျော်လိုက်ပါ့မယ်"

Jennie....သူ့ကို စူပုတ်ပုတ်နဲ့ တစ်ချက်လှမ်းကြည့်လိုက်ပြီး
မိမိရုံးခန်းထဲ ချက်ချင်းဝင်သွားလိုက်သည်။

Chaeng က....
"Unnieကလဲ မကြောက္မရွံ့နဲ့နော်
ဘာလို့အဲ့လိုတွေပြောနေတာလဲ"

"သူ့ရုပ်က ကြောက်စရာမှမကောင်းနေတာ
စူပုတ်ပုတ်နဲ့ ...ငါ.....သူအဲ့လိုစူပုတ်ပုတ်ဖြစ်နေရင်
သဘောကျလို့...."

"ဒီရက်ပိုင်း သူ့ကိုကြည့်ရတာ မိုးလေဝသ မကောင်းသလိုပဲ
မျက်နှာကြောကလဲတင်းလိုက်တာ....
ပြီးတော့ unnieကို အခုတလော အရမ်းခိုင်းနေသလိုပဲ
သန့်ရှင်းရေးလုပ်ခိုင်းရတာနဲ့
သေးသေးမွှားမွှားတွေလုပ်ခိုင်းရတာနဲ့
ဈေးနှုန်းကျက်ခိုင်းရတာနဲ့....
သူ့ခွေးထိန်းခိုင်းရတာနဲ့....
အလုပ်နဲ့မဆိုင်တာတွေခိုင်းနေသလိုပဲ
မဟုတ်မှ Unnie....ကို သူ ဘာတွေမကျေနပ်နေလို့များလဲ
unnie...သူမကြိုက်တာတွေများလုပ်မိထားသလား...."

"Molla... ဒါပေမဲ့ သူငါ့ကို အဲ့လိုခိုင်းနေတာတွေကို
သဘောကျတယ်..  "

"Yae...  သဘောကျတယ်.....အင်းပါ.....
သဘောကျရင်လဲ လုပ်ပေါ့..."

Coffee....မဖျော်သေးပဲ Chaeng နဲ့ ခေါင်းချင်းဆိုင်ရင်း
တတွတ်တွတ်ပြောနေတာကို လိုက်ကာကြားထဲကနေ
မြင်ရတာကြောင့်...Jennie...ချက်ချင်းထသွားလိုက်ပြီး
ရုံးခန်းတံခါးကို ဖွင့်လိုက်သည်။

မိမိတောင် ဘာစကားမှမဟရသေး
သူမက

"Nae... အခုချက်ချင်းသွားဖျော်ပါပြီ"

Jennie...ရုတ်တရက္မို့ ဘာစကားမှတောင်မပြောထွက်ပဲ
ရုံးခန်းအပေါက္ဝမှာရပ်နေရင်း....
ဝန်ထမ်းအချို့နဲ့ Chaengက လှမ်းကြည့်နေတာကြောင့်

"ဘာမှမဟုတ်ဘူး ဒီတံခါးက အဖွင့်အပိတ်လုပ်ရင်
အသံမြည်နေတာလားလို့ "

ထို့ကဲ့သို့ အရှက်ပြေပြောရင်း တံခါးကို ဟိုဟိုဒီဒီဆွဲကြည့်ကာ
မိမိရုံးခန်းထဲသို့ပြန်ဝင်လာလိုက်ပြီး
လိုက်ကာ ခလုတ်ကလေးကို နှိပ်ပြီး ပိတ်လိုက်သည်။

GASHINA (Completed )Unde poveștirile trăiesc. Descoperă acum