Bonus Part( Only Unicode )

Start from the beginning
                                    

"ဆိုင်သွားမလို့လေ..."

"ဆိုင်သွားတာ ရိုးရိုးဝတ်ရင်တော်ပြီလေ...ရေမွှေးတစ်ပုလင်း
လုံးမှောက်ချထားတာလား အဲ့လောက်မွှေးပြီးနမ်းချင်
စရာကောင်းအောင် ဘာလို့ပြင်ထားတာလဲ"

ခေါင်လေးပြောလည်းပြောချင်စရာ... နှိုင်းတစ်ကိုယ်လုံးဟာ
ခေါင်စခြေဆုံး မွှေးကြိုင်နေကာ စိတ်ချမ်းသာ၍ထင်သည်
မျက်နှာလေးတွေဖောင်းလျက် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ကာ
အသားလေးတွေကအိအိလေးဖြင့် ဖြစ်ညှစ်ပြီး
စိတ်ရှိတိုင်းထိုင်နမ်းချင်စရာကောင်းနေသည်။

"ဟိုနေ့က ဆိုင်ခွဲဖွင့်ချင်လို့ဆိုပြီး လာပြောတဲ့
တစ်ယောက်လေ မှတ်မိလား....သူကဒီနေ့စာချုပ်ကိစ္စတွေ
လုပ်ရအောင်ထပ်လာခဲ့မယ်တဲ့။ ဧည့်သည်နဲ့တွေ့ရမှာ
ဆိုတော့ ကြည့်ကောင်းအောင်ဝတ်ရမှာပေါ့ မောင်ရဲ့"

"မဝတ်ရပါဘူး ... မွှေးနေတာကို အနံ့ပျောက်အောင်
ပြန်လုပ်..."

"ဟာ..မလုပ်ချင်ပါဘူး.. မွှေးမွှေးလေးပဲနေချင်တာ"

"မွှေးမွှေးလေး နေချင်ရင် မောင့်ရှေ့မှာနေလေ
သူများရှေ့မှာနေစရာလား...ခင်ဗျားနော်"

အူပုတ်လေးကတော့ အရင်ကထက် ပိုပြီး အူပုတ်တတ်လာတာပါပဲ။ အပြင်တစ်ခါသွားတော့မယ်ဆိုရင် သူစိတ်ကြိုက်
မဖြစ်မချင်း လဲခိုင်းနေတာမပြီးတော့ပေ။ တစ်ခါတလေများ
တစ်ကိုယ်လုံး ထုပ်ပြီး မျက်လုံးလေးပဲ ဖော်ထားပေးသည်။
မောင် သဝန်ကြောင်ချက်ကတော့ နှိုင်းပင်လိုက်မမီအောင်
အရှုံးပေးရပါသည်။

"အခုလည်း မောင်ရှေ့နေနေတာပဲလေ.. ဆိုင်ခဏပဲ
သွားကြည့်ပြီး ပြန်လာမှာကို..."

ထိုအခါ ခေါင်လေးက မျက်ခုံးများတွန့်လျက် စဉ်းစားခန်းဝင်ပြီး
နောက်....

"ဟိုလူတွေနဲ့တွေ့မှာဆို..ခဏစောင့်... လိုက်ခဲ့မယ်"

ဟုဆိုကာ နှိုင်းနှုတ်ခမ်းလေးအား နှစ်ခေါက်လောက်ဖိကပ်
နမ်းပြီး ချက်ချင်ပင် ထလျက် ရေးချိုးခန်းထဲဝင်သွားလေ
သည်။ နှိုင်းကတော့ ပြုံးပြုံးလေကျန်ခဲ့ရင်း ဆက်အိပ်မ
နေတော့ပဲ အိပ်ယာသိမ်းကာ မောင်ဝတ်ဖို့အဝတ်အစားကို
အဆင်သင့်ထုတ်ပေးထားလိုက်ပါ၏။ဤကား ကျွန်တော်တို့ရဲ့
နေသစ်တစ်နေ့ကို ချိုမြိန်စွာစတင်ခြင်းပင်ဖြစ်ပါသည်။

Black Memory(U+Z)(Completed )Where stories live. Discover now