Part-38

13.1K 911 30
                                    

Unicode

"လူသတ်တာများပြီး မှတ်တောင်မှတ်မိရဲ့လား"

ရဲဇော် က ရယ်သွေးသွမ်းလို့ပြောချိန်တွင် စိုင်းမင်းကိုသည် သွားတွေကိုတင်းတင်းစေလျက် အံ့ကြိတ်ထားလေပြီ။

"ဘယ်တစ်ယောက်လဲ ဆိုတာသေချာမသိတာတော့ အမှန်ပဲ"

"အဟက်!"

"ခင်ဗျားတို့ အတွက် ရယ်စရာကောင်းနေလား!"

"!!!"

"လူတစ်ယောက်ရဲ့အသက်က ခင်ဗျားတို့အတွက် တန်ဖိုး မရှိတော့ဘူးလား။ ဟာသကြီး ဖြစ်နေတာလား"

စိုင်းမင်းကို ဒေါသတကြီး ထအော်ပါလျှင် သူတို့နှစ်ယောက် ခဏတော့ ကြောင်သွားပေမယ့် မိုးဇေက...

"ငါ့လမ်းကြောင်းလာပိတ်တဲ့သူမှန်သမျှ ရှင်းပစ်ရမှာပဲ။ လူကောင်းလား လူဆိုလားခွဲခြားနေဖို့ ငါ့မှာ အချိန်မရှိဘူး"

စိုင်းမင်းကို သည် မိုးဇေစကားကြောင့် စိတ်မထိန်းနိုင် ဖြစ်ရကာ မိုးဇေရင်ဘတ်မှ အကျီႌကိုဆွဲဆုပ်ကိုင်ကာ..

"အဲ့ဒီလို ပေါ့ပျက်ပျက်မပြောနဲ့..ဆက်ဟေး မောင်းလို့ ဂျောက်ထဲကျသွားတဲ့ကားထဲမှာ မိုးမြင့်အောင်မိဘတွေ ပါတယ် ခင်ဗျားသိလား"

ထိုးဖို့ ရည်ရွယ်ထားသော်လည်း မျက်လုံးအစုံဝိုင်းစက် သွားသော သူကြောင့် လက်သီး က လေထဲမှာ တန်းလန်း ဖြစ်လို့နေပါ၏။ တားဖို့ဟန်ပြင်မိသော ရဲဇော်သည်လည်း
နေရာမှာပင်.. ကျက်သေ သေနေမိပါတော့သည်။

"မိဘ နှစ်ပါးစလုံး ချောက်ထဲကျလို့သေသွားတဲ့အချိန်မှာ သူကရော ကလဲ့စားချေဖို့ မကြိုးစားရတော့ဘူးလား။ ခင်ဗျားတို့..ခင်ဗျားတို့တွေ ...တောက်စ်!!"

စိုင်းမင်းကိုသည် စိတ်လိုက်မာန်ပါ ပြောနေမိပြီးမှ မိုးဇေကို လွှတ်ကာ တံခါးကိုဝုန်းကနဲဆောင့်ပိတ်လို့ ထွက်လာလိုက်တော့၏။

ဂျိမ်...

ထိုစဉ်.. အခန်း ထောင့်လေးမှာ တောင့်တောင့်လေး ရပ်နေသော အရိပ်လေးတစ်ခုကို တွေ့လိုက်မိပါသော်လည်း စိတ်ထင်နေသည်ဟုသာ ယူဆလျက် ရင်ပူစွာပင် အပြင်သို့ဆက်ထွက်လိုက်ပါတော့သည်။ ဒီလူတွေ
လူတစ်ယောက်ရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေး လိုပဲ သဘောထားနေကြတာပါလား။ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ပြီး အိမ်ကြီးကို နောက်တစ်ဖန်
လှည့်ကြည့်မိသည်။ ထို့နောက် လိပ်စာကို သေချာမှတ်ကာ လေပူကို မှုတ်ထုတ်ပစ်လိုက်ပါ၏။

Black Memory(U+Z)(Completed )Where stories live. Discover now