Part-41

12.9K 905 31
                                    

Unicode

"ကျွန်တော် စောင့်နေရမယ်"

နောက်ဆုံး တိမ်ဝင်သွားတဲ့လေသံတိုးတိုးလေး။ ကိုယ်သိပ် ချစ်ရတဲ့လူတစ်ယောက်
ဒီကမ္ဘာမြေကြီးထဲက ထွက်ခွာ မသွားရဖို့ အသက်လုတိုက်ပွဲဝင်နေရတဲ့အခါ ဒီခံစားချက်ကြီး ကို နားလည်နိုင်ကြမှာပါ။ ပြည့်ကျပ်ပြီး ဆို့နင့်နေတဲ့ ရင်ဘတ်ကြီးက နာကျင် ရလွန်းလို့ အက်ကွဲလုလုရှိနေပါပြီ။

"ကျွန်တော်တို့က..တာဝန်အရ စစ်ဆေးမေးမြန်းရမှာ...အဲ့ဒါကြောင့်!"

တာဝန်ကျသည့် ရဲက နှိုင်းကို တစ်ခုခုပြောဖို့ကြိုးစားစဉ် operationခန်းတံခါးဟာ ပွင့်လို့လာပါ၏။ မျက်နှာမကောင်းကြတဲ့ ဆရာဝန်တွေကြောင့် နှိုင်း ခန္ဓာကိုယ် တစ်ခုလုံး အားအင်မဲ့လာကာလဲကျလုလု ဖြစ်သွားတော့သည်။

"Doctor သူ...သူ"

အဖြေကို သူမကြားရဲဘူး ။ ဆရာဝန်ကတော့ သူ့ပုခုံးကို ပုတ်ကာ...အနဲငယ်လုပ်ယူပြုံးလိုက်ပြီး...

"ခွဲစိတ်မူ အဆင်ပြေပါတယ်။ ဒါပေမယ့်... သူ သတိရလာဖို့ အချိန်ကြာလိမ့်မယ်"

ရုတ်တရက် အမြင့်ကနေ အရုပ်ကြိုးပြတ်လဲပြိုကျတာမျိုး ။ မောင် မရှိပဲ သူ အသက်ရှင်ဖို့ မလွယ်ကူဘူးလေ။

"တကယ်လို့ သတိပြန်မလည်လာဘူးဆိုရင်တော့..."

နောက်ပိုင်း ဆရာဝန် ဘာတွေပြောနေတာလဲ နှိုင်းမကြား တော့သလို သူ့ရှေ့က ထွက်သွားကြတာကိုလဲ နှိုင်းမသိ တော့ဘူး ။ လောကကြီးထဲရှိနေပါလျက် လောကကြီးနဲ့
မသက်ဆိုင်သော လူတစ်ယောက် လို သူ ငူငူကြီးရပ်နေမိဆဲ။ မငိုပါပဲ အလိုလိုကျနေတဲ့ မျက်ရည်တွေကို သူမတားဆီးမိဘူး။ မောင် နိုးလာရင် သူ့ကိုသုတ်ပေးမှာ မို့ ဒီတိုင်း..
ဒီတိုင်း...ဆက်ထား....မှာ။

ဆရာဝန်တစ်ချို့က မောင့်ကို အရေးပေါ်လူနာတွေပဲ ထားတဲ့အဆောင်ကို ရွှေ့ပြီးတဲ့အချိန်မှ သူ့ကို မောင်နဲ့တွေ့ခွင့်ပေးကြ
တယ်။ လက်တွေမှာ ပိုက်တန်းလန်းနဲ့ ဖြစ်ပြီး oxygen ပေးထားရလို့ မောင့်မျက်နှာချောချောကို သူ သေချာ ကြည့်လို့
မရဘူး။ ဒါပေမယ့် သူ မောင့်ဘေးနားထိုင်ပြီး မောင့် လက်လေးတွေကို ကိုင်ဖို့ ကြိုးစားမိ၏။ လက်ချောင်း ရှည်ရှည်လေးတွေမှာ အကြောစိမ်းတွေ ထောင်ထနေတဲ့
ယောကျာ်းပီသပြီး နွေးထွေးလွန်းတဲ့လက်။ အဲ့ဒီလက်တွေနဲ့ သူ့ကို ရုန်းမရအောင် အသက်ပေးပြီး ကာထားပေးခဲ့တာ။

Black Memory(U+Z)(Completed )Where stories live. Discover now