Part-60

11.9K 924 140
                                    

Unicode

စိုင်လျန် သည် ခေါင်းကိုက်နေသည့် မိုးဇေအတွက်လိမ္မော် ရည် ချဉ်ချဉ်လေး ဖျော်ကာ ဖန်ခွက်ကြည်ကြည် လေးထဲ ထည့်လိုက်ပြီး ပိုက်လှလှလေး တပ်၍ဖန်ခွက် ထိပ်တွင် သံပုရာစိတ်လေးကို ညှပ်ထားလိုက်သည်။
ထို့နောက်အိပ်ခန်းထဲတွင် အိပ်ပျော်နေသော မိုးဇေထံသို့ ယူခဲ့ပါ၏။

ဒီရက်ပိုင်းအတွင်း သူ မရပ်မနားလျှောက်သွားသမျှ လျှောက်လိုက်ပေးနေသည့် ကိုကြီးမိုးဇေကို သနားလည်းသနားလို ကျေးဇူးလည်းတင်မိပါသည်။ ကိုကြီးမိုးဇေကြောင့်သာ သူ့စိတ်တွေပေါ့ပါးလာပြီး အလှတရားအစစ်အမှန်တွေကို ရှာဖွေတွေ့ရှိလာရပါ၏။

"ကိုကြီး! ကိုကြီး မိုးဇေ"

အခန်းတံခါး ကို ခေါက်ပြီး ခေါ်ကြည့်သော်လည်း အထဲမှ ထူးမလာသဖြင့် ကိုယ်ဟာကိုယ်သာ တံခါးဖွင့်၍ ဝင်ခဲ့စဉ်ကိုကြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် နေသည်ကိုတွေ့လိုက်ရ၏။ သို့နှင့် သူသည် လိမ္မော် ဖျော်ရည်ကို စားပွဲပေါ်တင်ကာ ဘေးတစောင်း အိပ်နေသည့် မိုးဇေ လက်ကို အသာ ကိုင်၍ နှိုးလိုက်ပါသည်။

"ကိုကြီး မိုးဇေ... ထဦးလေ ဒီချိန်အိပ်တာမကောင်းဘူးတဲ့သိလား...ကျွန်တော် ဖျော်ရည်လုပ်ထားပေးတယ် ထသောက်လိုက်"

သူ့အသံကြားလျှင် မိုးဇေက လူးလွန့်လျက် နှိုးလာကာ ကျောပေးအိပ်နေရာမှ သူ့ဘက်လှည်လာစဉ်..

"ဟင် ...ကိုကြီး ငိုနေတာလား... ခေါင်းက
အရမ်းကိုက်လို့လား"

"ကိုယ်မငို.....ဟာ!"

သူ ငိုနေသည်လား သူ့ဟာသူမသိ။ စိုင်လျန်အလန့်တကြား ပြောမှ သူ့ပါးသူကိုင်ကြည့်ရာဝယ် စိုစွတ်သည့် ထိတွေ့မူကို ခံစားလ်ိုက်ရလေသည်။

"မျက်ရည်တွေက ဘာလို့ကျနေတာလဲ!"

သူ့မျက်နှာသူ ကိုင်ကြည့်လျက် မယုံကြည်နိုင်သလို စိုင်လျန်အားမေးလျှင်.. စိုင်လျန်ကလည်း မျက်ခုံးလေးတွေပင့်လို့.. မျက်ခွံလေးတွေပေကလပ် ပေကလပ်ဖြင့် ဘာမှ
မသိသူလို..။

"ကိုကြီး ကျနေတာလေ ကျွန်တော်ကျနေတာမှမဟုတ်တာ"

"ငါလည်း မသိဘူး ဘာလို့ကျနေတာလဲ"

Black Memory(U+Z)(Completed )Where stories live. Discover now