Part-6

19.7K 1.4K 31
                                    

Unicode

"ကိုသုတ... ကျွန်တော့်ကို မေးစရာရှိလို့ဆို"

ခေါင်လေး စကား စမှပင် နှိုင်းလည်း သောက်လက်စ gonggui ပုလင်းကို ချလိုက်ပြီး လက်ရှိကမ္ဘာကို ပြန်လည် ရောက်ရှိလာတော့သည်။

"ငါ့ ဆိုင်က အလုပ်သမားတစ်ယောက် သတ်ခံလိုက်ရတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းသိထားတာ တစ်ခုခုရှိမယ်ထင်လို့"

ထင်သည့်အတိုင်းဖြစ်နေသည်မို့ ခေါင်လေးက နှုတ်ခမ်းမှာတေ့ထားတဲ့ဘီယာဘူးကို မသောက်တော့ပဲ လက်ထဲမှာပင်
ဟန်ပါပါ ကိုင်ထားလိုက်ပါသည်။

"ကျွန်တော် ရောက်သွားတဲ့အချိန် သေနေပြီ။ ဘာမှမသိဘူး"

နှိုင်းကမယုံသင်္ကာစွာ ခေါင်လေးကို ကြည့်နေပြီးမှ gongguiပုလင်းကို ယူကာပြန်မော့သောက်လိုက်၏။

"ခင်ဗျားက ကျွန်တော့်ကို သံသယဝင်နေတာလား"

"မင်းသတ်တယ်လို့ထင်နေတာမဟုတ်ဘူး မင်းတစ်ခုခု သိထားမယ်လို့ထင်နေတာ"

"အဟက်...."

ခေါင်းလေးက နှိုင်းရဲ့လှုပ်ရှားမူများကို ရမ္မက်ခိုးငွေ့ပျံနေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ရယ်လိုက်၏။

"မဆိုးဘူးပဲ ခင်ဗျားက ရဲတွေထက် ပိုတော်တယ်။ စုံထောက် လုပ်သင့်တယ်"

"...."

နှိုင်းက ဘာမှမပြောပဲ ခေါင်လေးစကားကြောင့် မျက်မှောင် လေးတွေကြုံ့သွားရတယ်။

"တကယ်ဆိုသူတို့က 'မင်းသတ်လိုက်တာ လား' လို့ မေးရ မှာ မဟုတ်ဘူး။ မသေခင် သေတမ်းစာလေး မထားခဲ့ဘူးလား
လို့ မေးရမှာ"

"ဟမ်..."

"သူတို့ ကို မပြောပြတာမဟုတ်ဘူး မမေးလို့မဖြေတာ"

နှိုင်းသည် လက်ထဲ က ပုလင်းကို အမြန်ချလိုက်ပြီး လူတစ်ယောက်သေတာကို အေးအေးဆေးဆေး စကားပြောနေနိုင်သည့် ကောင်ကို အံ့သြစွာ ကြည့်နေမိပြန်၏။
သွေးအေး သတ္တဝါလား ။

"ဟေ့...မင်း ဘာသိထားတာလဲ"

"ဖြေးဖြေးမေးပါ... ကျွန်တော့် ဘီယာတွေ ခင်ဗျားအသံကြောင့်တုန်ပြီး အငွေ့ပျံသွားလိမ့်မယ်"

Black Memory(U+Z)(Completed )Where stories live. Discover now