စိုင်းကဖုန်းပြောနေရင်း စစ်ဘာလုပ်လဲဆိုတာကို အစအဆုံးတွေ့တော့ ရယ်ကျဲကျဲဖြင့်သူမကိုကြည့်ကာ ထွက်သွားလေသည်။ ရှက်ကလဲရှက် ဒေါသကလဲထွက်ပြီးမသွားသေးဘဲရပ်နေတဲ့ စစ်ရဲ့လက်ကိုဆွဲကာ စိုင်းရဲ့ရုံးခန်းနှင့်ဝေးရာကိုခေါ်ထုတ်လာသည်။

"နင်ဒါဘာလုပ်တာလဲ.. "

"ဘာလုပ်လို့လဲဗျ.. "

"နင္ငါ့အက်ႌေကာ္လံကိုဘာကိစၥဆြဲတာလဲ"

"အော်ဒါလား အမရှေ့ကိုမှောက်လျက်ကြီးကျသွားမှာစိုးလို့ ဆွဲလိုက်တာလေဗျာ"

"ငါ့ဟာငါမှောက်လျက်ကျကျ ပက်လက်ကျကျနင့်အလုပ်မဟုတ်ဘူး ကိုယ့်ကိစ္စကိုယ်ဘဲခေါင်းထဲထည့်ထားစမ်းပါ omega ကောင်ကများ"

"တကယ်က half-omega ပါဗျ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံး alpha လိုနေခဲ့တာလေ စကားပြောနေရင်း ဗြုန်းစားကြိး omega ဖြစိတဲ့အကြောင်းထည့်ပြောရတာတုန်း"

"ပြောရမယ် ... နင်တို့ omega ကောင်တွေက မြူစွယ်သိမ်းသွင်းဖို့လောက်ပဲသိတဲ့ဟာတွေ"

"ဟောဗျာ ... ဒီအကြောင်းကို စကားထဲအရေးတယူထည့်ထည့်ပြောနေတယ် ဘာဖြစ်လို့လဲအမတို့ alpha တွေကကျွန်တော်တို့လို ... alpha တွေကိုဆွဲဆောင်လို့မရလို့လား ..? ဒါမှမဟုတ် ကလေးမရနိုင်လို့လား..?

"တောက်... နင်... နင်ဘာစကားပြောတာလဲ"

စစ်ခံပြောလိုက်တဲ့စကားကိုနာလုံးတက်ပြီး စစ်ကိုရိုက်ဖို့ လက်ရွယ်ကာရှေ့တိုးလိုက်ပေမဲ့ အောက်ကကြမ်းခင်းမညီတာကိုသတိမထားမိတော့ ခလုတ်တိုက်ပြီးမှောက်လျက်လဲကျပါလေကော။ ဒါတောင်ပိုးမသေသေး စစ်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေဆဲ။ စစ်ကခပ်အေးအေးရယ်လျက်

"လဲကျရင်ပြန်ထအမရေ ဘဝကရုပ်ရှင်ကမဟုတ်သလို မြေကြီးကလဲအမလင်ကြီးမဟုတ်ဘူး၊ ဒီနားမှာလဲအမကို လာထူမဲ့သူမရှိဘူး။"

"မင်း... မိုက်ရိုင်းလိုက်တဲ့ omega ကောင် နင်ကများငါ့ကိုရာရာစစ ရတယ်ကိုစိုင်းကို နင်အတင်းအဓမ္မပြုကျင့်ပါတယ်ဆိုပြီးပြောပစ်မယ်၊ မိန်းကလေးတစ်ယောက်ကို ဒီလိုနိုင်ထက်စီးနင်းလုပ်လို့ရမယ်ထင်နေလားဟင်..."

Embracing him is like breathing. How can I stop . . . [ Completed ]Where stories live. Discover now