My Omega - 5

17.4K 1.4K 25
                                    

- ZawGyi -

မနက်လင်းရောင်ခြည်တစ်ချို့ ပြတင်းပေါက်မှတစ်ဆင့် ကာရံထားသောလိုက်ကာကို ထိုးဖောက်ကာ အိပ်ခန်းတွင်းသို့ဝင်ရောက်လာခဲ့သည်။ အိပ်ယာပေါ်တွင် အိပ်မောကျနေသေယ ကောင်လေး၏မျက်နှာပေါ်သို့ နေရောင်ခြည်စူးစူး ကျရောက်လာခဲ့သည်။ နူးညံ့သောမွေ့ယာ၊ နွေးထွေးသောစောင်နှင့်အတူ အိစက်ညက်ညောသည့်ခေါင်းအုံးတို့၏ အထိအတွေ့တို့ကြောင့်ယခုရောက်နေသည့်နေရာကား သူတရင်းတနှီးရှိနေခဲ့တဲ့နေရာမဟုတ်ပေ။

ထိုကြောင့်မျက်လုံးအသာဖွင့်ကြည့်လိုက်တော့ မြင်ဖူးနေကျမဟုတ်သည့် အခန်းတစ်ခု၊ အပြင်အဆင်သားနား၍ နေနေကျနေရာနှင့် လုံးဝမတူပေ။ အိပ်နေရာမှထကာ အခန်းတစ်ဝိုက်ဝေ့ဝိုက်ကြည့်တော့ သားနားလှသောအပြင်အဆင်၊ ဈေးကြီးသောပရိဘောဂများဖြင်တန်ဆာဆင်ထားသောအခန်းတစ်ခု သေချာသည်ကတော့ ဒီနေရာသည်သူ၏အိမ်မဟုတ် ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့လဲညအိပ်ဝတ်စုံ အပြည့်အစုံနှင့် ဒါဆိုသူ သူဌေးတစ်ယောက်အိမ်ရောက်နေခြင်းဖြစ်ရမည်။

မနေ့က heat တအားတက်ပြီး ဘာမှကိုမမှတ်မိတော့ လူနှစ်ယောက်သူနောက်ကို လိုက်လာကြပြီး ရန်ရှာကြသည်ကိုတော့ မှတ်မိလျူက်သည်။ ထိုလူနှစ်ယောက်ကို အလဲထိုးခဲ့ပြီးနောက် ဘာဆိုဘာမှမမှတ်မိခဲ့ စိတ်လွတ်သွားခဲ့တာ အခုမှအိပ်ယာကနိုးပြီး သတိပြန်လည်လာလေသည်။ ထို့နောက်အိပ်ယာပေါ်မှဆငိးကယ အခန်းတံခါးနားသွားပြီး တံခါးအသာဖွင့်ပြီး အပြင်ဘက်ကိုချောင်းကြည့်လိုက်သည်။

ဧည့်ခန်းထဲကဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦး။ laptop ကိုပေါင်ပေါ်တင်ကြာ တုခားဘယ်နေရာမှမကြည့် ကောဖီသောက်လိုက် သူရှေ့တွင်ရှိသော laptop screen ကိုကြည့်လိုက်နှင့် ဘေးဘီကိုအာရုံမရ၊ အလုပ်ကိုသာ အာရုံစူးစိုက်၍ လုပ်နေသည့်ပုံပင်။  ထိုအမျိုးသား၏အသွင်ပြင်မှာ ရွှေအိုရောင်ဆံနွယ်တချို့ နဖူးပေါ်တွင် ဝေ့ဝဲကျနေပြီး ရုပ်ရည်မှာပြေပြစ်ချောမော၍ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်သည်။ ထိုမျက်နှာချောချောပေါ်မှာတွင်လည်း မျက်မှန်တပ်ထားသည်က ချောသည်ထက်ကျော်လွန်ကာ မင်းသားရှုံးအောင်ခန့်ညားသည်။

Embracing him is like breathing. How can I stop . . . [ Completed ]Kde žijí příběhy. Začni objevovat