My Omega - 3

17.7K 1.6K 12
                                    

- ZawGyi -

မီးရောင်စုံတဖြတ်ဖြတ်လင်းလက်နေသော အခန်းတစ်ခုအတွင်း သီချင်းများသံဖြင့်ဆူညံနေသည်။ ဘယ်နေရာကြည့်ကြည့် လူတွေကသီချင်းသံ၏ စီးချက်အတိုင်းမြူးထူးပျော်ပါးကခုန်နေကြသည်။ စိုင်းအခုရောက်နေသည့်နေရာက club တစ်ခုပင်။

မဖြစ်မနေမို့သာသည်နေရာ ကိုလိုက်လာခဲ့ရတာ ဒီလိုနေရာမျိုးမှာက omega အမတွေများသလို သူတို့ဆီကထုတ်လွှတ်တဲ့အနံ့တွေကိုလည်း စိုင်းမကြိုက်ပေ။ အကြောင်းက သဘာဝကရတဲ့ရနံ့မျိုးမဟုတ်ပဲ သကြားလုံးနံ့လို ချိုပြီးအီစိမ့်မွှေးနေသောကြောင့်ဖြစ်သည်။

ဒီလိုမျိုးအနံ့မျိုးကိုစိုင်း လုံးဝမကြိုက်ပေ။ သူ့ကိုအတင်းလိုက်ဖို့ခေါ်လာတဲ့ တေဇနဲ့ တံခွန်ကတော့ အရက်လေး ၂ ခွက်လောက်ဝင်တာနဲ့ပလပ်ကျွတ်နေပြီ။ စိုင်းကတော့ dancing floor နဲ့အနည်းငယ်အလှမ်းဝေးတဲ့ စားပွဲတစ်ခုမှာထိုင်ပြီး ကခုန်နေတဲ့သူတွေကို သုန်သုန်မှုန်မှုန်ဖြင့်ထိုင်ကြည့်နေလေသည်။

စိုင်းထိုင်နေတဲ့ နေရာကလဲ VIP တွေ၊ ငွေလျှံတဲ့သူဌေးတွေကြီး ထိုင်လို့ရတဲ့နေရာဆိုတော့ သိတဲ့အတိုင်း ယောက်ျား မိန်းမမရွေးဝင်လုံးချင်တာကခက်များများ။ စိုင်းက alpha လို့သာပြောတာ တခြား alpha တွေနဲ့မတူ ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်တောင့်တင်းပြီး ရွှေအိုရောင်ဆံပင်တွေကိုပိုင်ဆိုင်ထားသည့်အပြင် အသားအရည်ကလဲကြည်လင်လျက် စွဲဆောင်မှုအပြည့်ရှိလှတဲ့မျက်လုံးများကြောင့်ပြောရလျှင် မျက်လုံးတစ်ခုထဲကိုသာကြည့်မယါဆိုလျှင် လှသည်ဟုဆိုရမည်။ တစ်ကိုယ်လုံးခြုံငုံသုံးသပ်ရမည်ဆိုလျှင် ခန့်ညားသည်။

ယောက်ျားလေးတစ်ယောက်ကို လှသည်ဟုမသုံးနှုန်းကြပေမဲ့ စိုင်းကတော့တော်တော်လေးကို လှပြီးခန့်ညားတည်ကြည်တဲ့လအမျိုးသားတစ်ဦး။ မြင်ရသူတိုင်း လည်ပြန်ငေးမောရလောက်တဲ့ ရုပ်ရည်ပိုင်ဆိုင်ထားပြီး ညို့အားကောင်းလွန်းသောအကြည့်တို့ကြောင့် သတိမထားမိတဲ့သူကရှားသည်။


"ကိုကြီးတစ်ယောက်ထဲလား"

ချွဲပစ်နေသောလေသံဖြင့် စိုင်းကိုပွတ်သီးပွတ်သပ်လိုက်လုပ်နေသော အမျိုးသမီးငယ်နှစ်ဦး နှာခါင်းထဲပန်းနံ့စူးစူးဝင်လာသောကြောင့် omega များဖြစ်သည်ဟု သတိထားမိသည်။ ကြည့်ရတာ heat ဝင်ခါနီးဖြစ်ရမည် ဟူ၍သတိထားမိလိုက်သည်။ ပုံမှန်ဆို heat တက်ခါနီး omega တွေက တစ်ယောက်ထဲ သို့မဟုတ် သူ့အဖော်နှင့်အတူနေလေ့ရှိသည်။

Embracing him is like breathing. How can I stop . . . [ Completed ]Where stories live. Discover now