"အခုထိမင်းသားလေးလို့ခေါ်နေတုန်းလား...ဖေးဖေး...ငါကအခုကျန်းနိုင်ငံရဲ့မင်းသားလေးမဟုတ်တော့ဘူးလေ...ကျိုးနိုင်ငံကကြင်ယာတော်ဖြစ်နေပြီ"

"ဟီး...ဖေးဖေးမေ့သွားလို့ပါ....ကြင်ယာတော်..."

"ဟုတ်ပါပြီ...အခုဆံပင်ဖြီးပေးလို့ရပြီလား...နောက်ကျတော့မယ်..."

"ဟုတ်ကဲ့...."

ဖေးဖေးကြင်ယာတော်လေးရဲ့နူးညံ့တဲ့ဆံပင်ကိုဖြီးပေးနေတုန်းမှာ...

"ဖေးဖေး...."

"ဟုတ်ကဲ့....ကြင်ယာတော်..."

"ကျန်းနိုင်ငံကိုသတိမရဘူးလား....ငါတော့မယ်တော်နဲ့ခမည်းတော်ကိုသတိရတယ်..."

အင်း...သူ့ရဲ့မင်းသားလေးအိမ်ကိုလွမ်းနေပြီထင်ပါရဲ့...

"ဖေးဖေးလည်းသတိရတယ်.....မင်းသား...အဲ...ကြင်ယာတော်....."

"ပြီးတော့...ဒီနန်းတော်ကထင်သလောက်ရိုးရှင်းမနေဘူး...ငါရင်ဆိုင်နိုင်ပါ့မလား"

"ကြင်ယာတော်လေးတစ်ယောက်တည်းမဟုတ်ဘူး.....ဖေးဖေးလည်းရှိတယ်....ဖေးဖေးကကြင်ယာတော်လေးကိုဘယ်သူမှထိလို့မရအောင်ကာကွယ်ပေးမှာ"

ဖေးဖေးပြောတော့ရှောင်းကျန့်ကရယ်သည်။သူမရဲ့မင်းသားလေးကိုဒီလိုပျော်ရွှင်နေတာကိုပဲမြင်ချင်သည်။ဖေးဖေးရဲ့ဘဝမှာမိဘဆိုတာလည်းမရှိ....ဆွေမျိုးသားချင်းတွေလည်းမရှိခဲ့....မင်းသားလေးကသာသူမရဲ့အဖေ....သူမရဲ့အစ်ကိုပဲ....သူမရဲ့မင်းသားလေးကိုထိခိုက်အောင်လုပ်သည့်သူမှန်သမျှကိုသူမသည်းခံမည်မဟုတ်ပါ....သူမအသက်ပင်သေပါစေ...သူမရဲ့မင်းသားလေးကိုကာကွယ်ပေးမည်...ဒါကဖေးဖေးဘဝရဲ့ရည်မှန်းချက်ပဲ။ဖေးဖေးတွေးနေတုန်းမှာပဲအပြင်ကအစေခံတစ်ယောက်ရဲ့အသံထွက်လာသည်။

"ကြင်ယာတော်ရှောင်းကိုလျှောက်တင်ပါတယ်...မင်းသားကျီရွှမ်းရောက်နေပါပြီ"

"ဝင်ခိုင်းလိုက်ပါ"

ကျီရွှမ်းသူ့ကြင်ယာတော်ရဲ့အဆောင်ရှေ့ရောက်တော့အစေခံတစ်ယောက်ကိုသူရောက်နေကြောင်းအကြောင်းကြားခိုင်းလိုက်တယ်။ဘယ်လောက်ပဲကိုယ်ကမင်းသားဖြစ်နေပါစေ...သူများရဲ့အခန်းကိုဝင်ချင်ရင်တော့ခွင့်တောင်းရမှာပဲမလား....အထဲကဝင်ခွင့်ပြုတာနဲ့ကျီရွှမ်းအခန်းထဲကိုဝင်လိုက်သည်။အခန်းထဲရောက်တာနဲ့သူ့နှာခေါင်းဝကိုရောက်လာတဲ့ကြာပန်းနံ့လေးကြောင့်သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေပါကြည်လင်သွားရသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now