**မစတော့ဘူး .. သွားမယ် .. မနက်စာဘာစားချင်လဲ.. လုပ်ပေးမယ်**

**Yoongi ကြိုက်တဲ့ဟာ လုပ်ပေး**

**ok**

Yoongi နဲ့ Jimin နှစ်ယောက် ရောက်လာတော့
မနက်စာ က အသင့်တောင်ဖြစ်နေပြီးသား... ။

Park Jiminကတော့
သူကူဖို့ စောစောထပါတယ်
Yoongiကမထလို့နိုးနေရတာပါဆိုပြီး
Yoongi ommaကိုကပ်ချွဲနေလေရဲ့။

**ရပါတယ် သားလေးရဲ့ .. နေ့လယ် စာအတွက်ပြင်တော့မှ ကူပေးပေါ့**

**ဟုတ်ကဲ့ **

ဘာကူပေးမှာလဲတော့မသိ...
Park Jiminတို့လုပ်တတ်တာဆိုလို့
ကောင်းကောင်းစားပေးတတ်တာပဲရှိတာ ကို
Yoongi ချက်တာအကောင်းဆုံး ဆိုကာ
လက်မတစ်ထောင်ထောင်နှင့်ညာစားဖို့ပဲသိတဲ့
ကောင်လေး က ဘာဟင်းမှချက်တတ်မနေပါဘူး ommaရေ.... ။

**omma ကိုယ်တိုင်ချက်မှာလား **

**ဒါပေါ့.... **

**wow မစားရတာကြာပြီဖြစ် တဲ့ အစ်မကြီး Minရဲ့ လက်ရာကိုစားရတော့မှာပေါ့ **

သူတို့အိမ်မှာက
Yoongi အမေကိုယ်တိုင်
ဟင်းမချက်တာကြာပြီဖြစ်သည်။

အဒေါ်ကြီးချက်တာကိုပဲ
ဘေးကနေ ကြီးကြပ်ပေးတာလောက်ပဲ
လုပ်နေကျဆိုပေမဲ့
Yoongi omma ရဲ့ ဟင်းချက်လက်ရာက
မကောင်းဘူးလို့ မဆိုလို။

တစ်ခါ.. ဟင်းရည်အိုးတည်ရင်း
မတော်တဆ လက်အပူလောင်သွားတဲ
အချိန်ကစလို့သာ Min papaရဲ့
မီးဖိုချောင်မဝင်ရ တစ်ချက်လွှတ်အမိန့်ကြောင့်
Yoongiတို့ညီအစ်ကို သူတို့mamaရဲ့
အရသာရှိလှတဲ့ ဟင်းလျာ တွေကို
စွန့်လွှတ်လိုက်ရတာဖြစ်သည်။

မနက်စာစားပြီးနောက်
အားလုံး ခြံထဲမှာထိုင်ရင်း
စကားဝိုင်းဖွဲ့ ပြောနေကြသည်။

အမှန်တစ်ကယ်တော့
Jiminနှင့် Yoongi ommaနှစ်ယောက်သား
ပြောနေကြခြင်းသာ....
Yoongi ရဲ့ငယ်ငယ်ကအကြောင်းတွေကို
Jiminကိုပြန်ပြောနေခြင်းဖြစ်သည်။

အစပိုင်းမှာ တော့Jiminတစ်ယောက်
Yoongi အဖေကို ရှိန်နေသည့်ပုံ
ရှိပေမဲ့ နောက်ပိုင်းတော့
Yoongi အဖေနှင့် ပါ စကားပြောရင်း
ရယ်မောနေကြသည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Où les histoires vivent. Découvrez maintenant