"မေမေလေး...ဘာလို့အသံကအဲလိုကြီးဖြစ်နေတာလဲ၊
ငိုနေတာမလား၊
ကျောက်စိမ်းကအရမ်းအခြေနေဆိုးနေလို့လား"

"မဟုတ်...ပါဘူး၊ သားရယ်...
အဆင်ပြေကြပါတယ်"

အဆင်ပြေတယ်လို့ညာနေပေမယ့်...မပြေဘူးဆိုတာကိုသျှောင်ရိပ်မိသည်။
သျှောင့်မေမေဆီကပါဖုန်းလာတော့တစ်ခါ....
ဖုန်းထဲမှာရှိုက်သံတွေကြားရပြန်တာ...

"မေမေနေမကောင်းဘူးလား...
နှာစီးနေတာလား၊ တရွှတ်ရွှတ်နဲ့"

"ကျောက်စိမ်းနေမကောင်းဘူးဆိုတော့ငိုချင်လို့"

"ဘယ်လိုရောဂါတွေဖြစ်နေလို့လဲ"

အမေးပဲရှိခဲ့ပြီးအဖြေကမရေမရာ...
အဝေးရောက်နေခဲ့တဲ့သူကချက်ချင်းမပြန်နိုင်သေးတဲ့အကြောင်းတရားများကြောင့်...
စိတ်ပူနေခဲ့ရုံမှတပါး...

xxxxx

အံ့သြစရာကောင်းနဲ့အပြောင်းအလဲတွေအများကြီးနဲ့...
သူတို့မိသားစုမှာကံဆိုးမှုတွေစတင်ခဲ့ကြတာ...
ခြောက်လကျော်ခဲ့ပါပြီ။
နတ်ဆိုးတွေကအခုထိခြောက်လှန့်နေတုန်းပဲ။
သူတို့ရဲ့ကျောက်တွင်းကအလုပ်တချို့လည်း...
အပြိုင်အဆိုင်စီးပွားလုကြတဲ့သူတွေကြောင့်ဖျက်ဆီးခံနေရတာတွေပိုများပြီး...
အဆုံးရှုံးများလာခဲ့သည်။
ကျောက်စိမ်းရဲ့အဖေလည်းအသက်ကြီးလာပြီဖြစ်တော့အလုပ်အများကြီးလုပ်ဖို့သိပ်မနိုင်ချင်တော့ဘူး။
ဒါ့ကြောင့်...လူငယ်ဖြစ်တဲ့ဦးသျှောင်ကိုသင်ပေးနိုင်သမျှသင်ပေးဖို့ကြိုးစားနေကြတာပါ။
တချိန်ချိန်မှာဒီလူငယ်တွေကပဲလူကြီးဖြစ်သွားကြမှာမလား။

XXXXX

ရဲရဲတို့အိမ်ပြန်ရောက်ခဲ့တာဒီတစ်လပါဆိုရင်နှစ်လပြည့်သွားပြီလေ။
ကောင်မလေးနှစ်ယောက်စလုံးကရိုရိုကျိုးကျိုးတောင်းပန်တာကြောင့်...
သားသမီးဆိုးပေမယ့်မပစ်ရက်တဲ့ဒေါ်ယုယမှာ...
အသာတကြည်ပဲရဲရဲတောင်းဆိုသမျှကိုလက်ခံခဲ့တာ။

"လက်ထပ်ထားပေမယ့်...ရဲရဲဒီအတိုင်းလေးပဲနေပါရစေ"တဲ့။
ရဲရဲလိမ္မာပါ့မယ်တဲ့။

ဦးသျှောင်နဲ့ရဲရဲကိုလက်ထပ်ထားတဲ့အတိုင်းပဲထားစေလိုက်ပြီး...
ကျန်တာအကုန်ပုံမှန်လှုပ်ရှားနေခဲ့ကြ၏။
ပုံမမှန်နိုင်တော့တဲ့...အခြေနေတစ်ခုကသာ...

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now