(1)

16.6K 759 24
                                    

Zawgi

မိုးရွာပြီးစနေ့တစ်နေ့က လေပြေလေးနဲ့အစပြုသည် မိုးလေကြောင့် သစ်ရွက်စိမ်းတွေက အချိန်မတန်ပဲကြွေဆင်းရပြန်သည်

မြစိမ်းရောင် ရွက်ကြွေတွေပေါ်နင်းလျှောက်လာရင်း မိုးနံ့ရောနေတဲ့ လေကို သူတဝကြီးရှူသွင်းလိုက်သည်

"လတ်ဆတ်လိုက်တာ အနံ့လေးက.."

တဖြတ်ဖြတ် ခြေသံတွေက နောက်ပါးဆီကအလောတကြီးကပ်ပါလာသည် အားကစားလုပ်ဖို့ပြေးနေတဲ့သူတော့ မဟုတ်တန်ရာ ဒီဖိနတ်သံက အားကစားဖိနပ်သံမဟုတ်ဘူး ဖိနပ်မျိုးစုံကို အရူးအမူးစုဆောင်းတတ်တဲ့သူက ဘယ်ဖိနပ်က ဘယ်လမ်းပေါ်မှာ ဘယ်လိုအသံဆိုတာ တဖက်ကမ်းခတ်အောင်သိနေပြီးသား

ဒါဆို ဒီခြေသံက

"ကျစ်"

တစ်ခုခုကိုတွေးမိတော့ ရိပေါ် စိတ်ရှုပ်စွာ စုတ်တစ်ချက်သတ်မိသွားသည် ဒီကျောင်းက ကျောင်းသူတွေက သူ့နောက်ကိုနေ့တိုင်းလိုက်ရှုပ်တဲ့အလုပ်အပြင်မရှိကြတော့ဘူးလား

"ဟေ့"

"...."

"အာ ဆောတီး မင်းမကြားဘူးထင်လို့"

ဘယ်လိုလူလဲ လူကိုအတင်းဆွဲလှည့်ပစ်တာ မသိတဲ့လူတွေအသားထိတာမကြိုက်ပါဘူးဆို 

သူထင်သလို မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေသည် သူ့လောက်နီးပါးချောတဲ့ယောက်ျားလေးပေါ့ ဒါပေမယ့် လူပုံစံကကပိုကရိုနှင့်မို့

ရိပေါ်က နောက်တစ်လှမ်းဆုတ်ရင်း လက်နှစ်ဖက်ကိုဘောင်းဘီရှည်၏ ဘေးအိတ်တွေထဲ ထည့်ထားလိုက်သည် သူ့ရှေ့မှလူကို တည့်တည့်မကြည့်ပဲ မျက်နှာကိုအတန်ငယ်မော့ကာ နှုတ်ခမ်းတွေကိုလည်း ပုံမှန်ထက်ပိုကာ တင်းတင်းစေ့ထားမိသည် ဒီလို ဗရုတ်သုခတွေနဲ့ အရောမဝင်ချင်ဘူး

"အဟက်"

သူ့ပုံစံကိုကြည့်ပြီး ထိုသူကခြောက်ကပ်ကပ်ရယ်သည် ခန္ဓာကိုယ် ကိုအနည်းငယ်ရှေ့ကိုင်းပြီး ဒူးနှစ်ဖက်ပေါ် လက်တွေတင်ကာ ခေတ္တအမောဖြေနေသူက အသက်ကိုအလုအယက်ရှူနေရပုံ

အင်း အသက်ကနည်းနည်းကြီးပုံပဲ အမောမခံနိုင်ဘူးထင်ပါရဲ့ ရိပေါ် စိတ်မရှည်ပေမယ့်လဲ ထိုသူအမောဖြေပြီးသည့်အထိ စောင့်နေလိုက်သည်

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now