Good Boy

5.3K 609 40
                                    

Unicode
------------

"ကိုကို"

အခန်းရှိရာသို့လမ်းလျှောက်လာရင်း
ယောင်းကခေါ်လာသည်မို့
"ပြောလေ ယောင်း"

"ကိုကို့ မေမေကကော ယောင်းတို့အကြောင်းသိလား"

"သိတာပေါ့ ဟိုးးး ကိုကိုစကြိုက်ထဲက"

"ဟုတ်လား သဘောတူတာပေါ့နော် ဒါဆို"

"တူလွန်းလို့ ဟိုဘက်ကမ်းတောင်လွန်သေး
အမြဲပြောပြောနေတာ သမက်အမြန်တော်ချင်နေပီတဲ့"

"ဟာာ အန်တီကတော့"

"မယူဘူးလား ကိုကို့ကို"

"ယူမှာပေါ့ ဟီးဟီး"

"ထယ်ယောင်း!"
လက်တွေဝေ့ရမ်းပီး ကျွန်တော့နာမည်ခေါ်ကာ
ပြေးလာသော ဂျီမင်နှင့်ဂျီဟွန်း​

"ဘာဖြစ်တာတုန်း အသည်းအသန်နဲ့"

"မင်းကိုတွေ့လို့ပြေးလာတာလေ"

"အမ် ဘာလို့ပြေးလာတာတုန်း"

"လာ အတန်းထဲအရင်ဝင်ရအောင် မောလိုက်တာ"

"အေအေ"

အတန်းထဲရောက်တော့
၂ယောက်သား တွတ်စိ တွတ်စိနှင့်လုပ်နေသည်မို့
စိတ်မရှည်တော့ ဘာတွေလုပ်နေကြမှန်းမသိ

"ဘာဖြစ်နေတာတုန်းဟ"

"ဒန်တန့်တန်~~! မင်းအတွက်"

"ဒါ ဒါ! ဂျင်ဟျောင်း ဝတ်တဲ့အင်္ကျီမလား!!"
(Pop-up storeမှာ jinဝတ်တာလေး)

"ဟုတ်တယ် မင်းအတွက်ဝယ်ပေးတာ ငါတို့နှစ်ယောက်ပေါင်းပီး"

"အီးဟီး ကျေးဇူးတင်လိုက်တာ
အရမ်းကြိုက်တယ် လိုချင်နေခဲ့တာ
မင်းတို့ အကောင်းဆုံးပဲ"

ဂျီမင်နှင့်ဂျီဟွန်းက သူ့သူငယ်ချင်းလေး
သူတ်ို့ကိုစိတ်ကောက်နေလျှင်ဖြစ်စေ
စိတ်အခြေအနေမကောင်းလျှင်ဖြစ်စေ သူကြိုက်သောပစ္စည်းလေးတွေဝယ်ပေးကာ စိတ်ပျော်အောင်လုပ်ပေးတတ်သည်

အခုလဲ သဘောကျလို့တဲ့ မျက်ရည်တောင်ထွက်နေပီ
ဂျောင်ကုကတော့ ဂျိုကြည့် ကြည့်နေသည်

"အသားလေးကကောင်းလိုက်တာကွာ
မင်းတို့ကော မဝယ်ကြဘူးလား ငါ့အတွက်နဲ့ကုန်သွားမှာပေါ့"

TAE TAE's BUNNY *Completed*Where stories live. Discover now