ကိုကိုနဲ့အိပ်မှာ

7.5K 736 42
                                    

<<Unicode>>

"သုလင်နဲ့အဆင်ပြေသွားတော့အခွက်က"

"ဘာဖြစ်ချင်တာတုန်း ရန်စတာလား"

ကန်တင်းမှာမုန့်စားရင်းကိုက်နေပါသော ဂျီမင်နဲ့ထယ်ယောင်း
ဂျောင်ကုကတော့ထယ်ယောင်းကိုပြုံးပြုံးကြိီးစိုက်ကြည့်နေလေရဲ့

"ဟေ့ကောင်တွေရန်ဖြစ်မနေနဲ့ ၃နာရီခွဲနော်မမေ့နဲ့အုံး"

"မမေ့ပါဘူးကွာ စိတ်ချ ဒါပေမယ့်၇နာရီထိနောက်ဆုံးပဲနော် မဟုတ်ရင်မာမီမားသားကငါ့ကိုတီးလိမ့်မယ်"

"အေ့ပါ ငါတို့လဲအဲ့အချိန်ပြန်မှာပါ မင်းသာသေချာဖုန်းဆက် ဂျီမင်အိမ်မှာစာလုပ်မှာလို့"

"Ok စိတ်ချလိုက်"

နေကြပါအုံး ဘာတွေပြောနေကြလဲမသိ
ဂြိုလ်စကားတွေပဲပြောနေကြလား
ဂျောင်ကုမှာကြောင်တောင်တောင်ရယ်
ဘာတွေလုပ်ကြမှာပါလိမ့် အိမ်ကိုညာပီးဖုန်းဆက်မို့တဲ့ကျွန်တော့ထယ်က

"ထယ် ဘာလုပ်ကြမို့လဲ"

"ဒါကဒီလိုရှိတယ်ကိုကိုရဲ့ ဒီနေ့ BTS MVအသစ်ထွက်မှာလေ အဲ့တော့အင်တာနက်ဆိုင်မှာ MV streamကြမို့ ကိုကိုကောလိုက်ခဲ့လေ"

"ဟုတ်တယ်ဂျောင်ကု လိုက်ခဲ့ပါလား တစ်ယောက်ပိုတော့Viewတိုးတာပေါ့ကွာ"

"ကိုကိုလိုက်ခဲ့နော်"

BTSလို့ကြားလိုက်ထဲက ထယ့်ကိုဟိုတစ်ခါဖက်တဲ့ကိစ္စကြီးကပေါ်လာရော
ဒါပေမယ့်လဲအဲ့တာကြောင့်ထယ်နဲ့ချစ်သူဖြစ်ရသည်လေ
ထယ်ကလဲ puppy eyesလေးနဲ့ပြောလာသည်မို့ အင်း လိုက်ရုံပေါ့ လွန်ဆန်နိုင်သူမှမဟုတ်တာ

"ဘာတွေတွေးနေတာလဲ မလိုက်ချင်လဲနေ ခေါ်ရတာလေကုန်တယ်"

"လိုက်မှာပါထယ်စွာစိရဲ့"

"လိူက်မယ်လေးပြောမှာကို မင်းဂျီးတော်လင်နောက်လိူက်မှာကိုတွေးပူနေတဲ့ရုပ်နဲ့"

အဲ့လိုအဲ့လို ကျွန်တော့အသဲလေးကငြင်သာတာ

°°°°°
စာသင်ချိန်က၄နာရီမှပီးမယ်တဲ့ သေလိုက်ချင်တာပဲ
roll callကလဲအရှေ့သွားထိုးရတာမို့အခက်တွေ့နေသည်

TAE TAE's BUNNY *Completed*Where stories live. Discover now