ရင်ခုန်ရလွန်းလို့ရူးမှာပဲ

7.1K 708 34
                                    

<Unicode>

အချိန်အားဖြင့်၄နာရီခွဲ
သီချင်းတအေးအေးနှင့် ဖင်လေးလှုပ်ကာအိမ်ထဲဝင်လာလိုက်သည်
ဂျောင်ကုကခြံရှေ့ထိလိုက်ပို့တဲ့အပြင် နဖူးလေးပါနမ်းသွားသေး အဟီးဟ်ီး

"ဟို ငမြွေထိုး! လာစမ်း!"

"အမလေး ပလုတ်တုတ် ကုလားမသေ!"

"ကုလားမကနောက်မှသေ နင်အရင်လာ ဒီကို"

"ဟု မီမီ အဟဲ"

ထိုင်ခုံမှာထိုင်လိုက်ကတည်းကမျက်ထောင့်နီကြီးနဲ့ကြည့်နေပါသော မွေးသမိခင်မေမေ

"ဟဲဟဲတွေနောက်မှ ပြောစမ်းပါအုံးကျောင်းအစောသွားတဲ့အကြောင်းလေး ပင်ပန်းနေပီလားဆရာမကိုလုပ်ကူခဲ့တာ"

"မပင်ပန်းပါဘူးမေမေရဲ့အဟဲ"

"ဒါလေးကြည့်ကြည့်ပါအုံး"

ဖုန်းလှမ်းပေးပီး vudoeတစ်ခုကြည့်ခိုင်းတယ်
ဟမ်! ဒါ!!!! သေပီ
ဘာလို့TVထဲပါလာတာလဲ ငါ့အခွက်က
မေမေ့ကိုကြည့်တောင်မကြည့်ရဲတော့ ကြည့်မိရင်ပြာကျသွားလောက်တယ်

"ပြောစမ်းပါအုံး အဲ့ပွဲအကြောင်းလေး"

"မေမေကသိချင်လို့လား!"

ဂွပ်!

"အာ့!"

"ရွဲ့နေတာဟဲ့ ဘာတဲ့ဆရာမကိုလုပ်ကူဖို့ သိပီးသားနင့်အကြောင်း လိမ်ဆင်တွေမှန်း"

"TVထဲတောင်ပါလာရတယ်လို့"

"အရိုက်ခံနေရမှန်းလဲမသိပါဘူး သားချောသားပဲနော် ကြည့်ပါလား"

"ငါ !,,,"

"အားးး နာတယ် ဖေဖေရေကယ်ပါအုံး နာလိုက်တာ!"

"ဟဲ့ အခုမှခေါက်မို့ရွယ်တုန်း ဘာလို့ထအော်နေတာလဲ"

"မေမေ့လက်ကိုမြင်ထဲကနာနေပီ သားရေသွားချိုးလိုက်အုံးမယ်နော် နောက်မှဆက်ဆူတော့ အပိုင်း၂ပေါ့နော်"

"ငမြွေထိုးကောင် အောက်ဆင်းလာကြည့် နင်အသေပဲ"

"မိန်းမရယ် ကလေးက"

"ပါးစပ်ပိတ်! ရှင်ပါတံမြတ်စည်းစာမြည်းချင်လို့လား"

"တံမြက်စည်းမကြိုက်ပါဘူး မိန်းမကိုပဲ အား အား သေပါပီ"

TAE TAE's BUNNY *Completed*Where stories live. Discover now