နှလုံးသားထဲဝယ်

7.3K 741 16
                                    

<Unicode>

"အားးးးး!!!! ဟာကွာ !!!"

ဂျောင်ကုတစ်ယောက်ဟန်မြစ်ဘေးတွင်အော်ကာဒေါသတွေထွက်နေသည်
ဖြတ်သွားဖြတ်လာတွေကလဲကြည့်လျက် ဒါလဲသူဂရုမစိုက်နိုင် အခုသုရင်ထဲအလွန်ပူလောင်နေသည်မဟုတ်ပါလား

'ဂျွန်ဂျောင်ကု မင်းစိတ်လျှော့ ထယ်ကအဆိုတော်မို့လို့သဘောကျတာ ဟုတ်တယ်အဆိုတော်မို့လို့
fan boyကိုချစ်မိရင်ဒါတွေဟာအနည်းနဲ့အများကြုံရမှာပဲ စိတ်ကိုလျှော့ထား'

ဂျောင်ကုတယောက်ကိုယ့်ဘာသာစိတ်ဖြေလျှော့နေသည်
သူထယ်ယောင်းကိုအရမ်းချစ်သည် ငုံထားမတတ်ကိုချစ်သည်
ချစ်လွန်းလို့ထယ်ရှိရာကိုပြောင်းလာခဲ့ခြင်း သူကBTSကိုအရူးအမူးကြိုက်မှန်းလဲသိသည်
အရာရာကိုနားလည်ပီးချစ်နိုင်မယ်လို့ထင်ခဲ့ပေမယ့်တကယ့်လက်တွေ့မှာသူအရမ်းခံစားနေရသည်
ပါးကိုကိုင်လို့လား? လက်ကိုကိုင်လို့လား? ခေါင်းကိုကိုင်လို့လား? ဖက်လို့လား?
အမှန်တော့အဲ့တာတွေကြောင့်မဟုတ် သဝန်တော့တိုမိပေမယ့်သူသည်းခံနိုင်သည်

အဓိကအကြောင်းအရင်းကတော့
ထယ်ကတခြားသူကိုမျက်ရည်ကျလောက်အောင်ထိချစ်နေတာကိုပဲ
သူ့ရင်ထဲကျွန်တော့အပေါ်ဘယ်လိုခံစားနေရလဲဆိုတာပြောပြလာတော့တညလုံးအိပ်မရ အရူးတယောက်လိုပျော်နေခဲ့တာမျှော်လင့်ချက်အလင်းရောင်သန်းလာခဲ့တယ်
အခု ဒီနေ့တော့ ထယ့်အတွက်ကျွန်တော့ဖို့နေရာမရှိဘူးဆိုတာသိလိုက်ရတယ်
ပိုင်ဆိုင်ရထားသူလဲမဟုတ်ဘူး ပိုင်ဆိုင်ရမလိုလိုလက်တစ်ကမ်းလေးမှာရိုက်ချခံလိုက်ရတဲ့ခံစားမှု

အစထဲကမနီးစပ်ခဲ့တဲ့ကိုယ်တို့နှစ်ယောက်

"ဂျောင်ကု!"

*အဟက် အသံတွေပါကြားရတဲ့အထိငါရူးသွပ်နေပီပဲ*

"ဂျောင်ကု ငိုနေတာလား"

အသံထပ်ထွက်လာလို့အနောက်လှည့်ကြည့်မိတော့ စိုးရိမ်နေတဲ့မျက်ဝန်းဝိုင်းတွေနဲ့ကြည့်နေတဲ့ ကျွန်တော့ချစ်ရသူထယ်

"ဘာဖြစ်လို့လဲ ငါမြင်တာမမှားဘူးပဲ ဘာစိတ်ညစ်စရာရှိလ်ို့လဲ"

TAE TAE's BUNNY *Completed*Where stories live. Discover now