အတိတ်ရဲ့အရိပ်

6.1K 652 81
                                    

#Uni

ဒီနေ့အတန်းချိန်က ၁၀ခွဲ
၉နာရီထိုးနေပီအကောင်ပေါက်လေးကမထသေး

"ယောင်းရေ ထတော့လေ"

"မေမေရယ် ၅မိနစ် ၅မိနစ်"

စောင်ပုံကြားကနေလက်ငါးချောင်းထောင်ပီး သုအမေအမှတ်နှင့်စကားပြောနေလေသည်

"ယောင်းရေ အမေမဟုတ်ဘူး ကိုကို ကိုကို ထတော့လေ အိမ်ပြန်အဝတ်မလဲဘူးလား"

"အိးးးးးး~~~~"

အပျင်းကြောဆွဲပီး မျက်လုံးပေကလပ် ပေကလပ်နှင့် အခုထိကောင်းကောင်းမနိုးသေး

"အမလေး! ဘာလုပ်နေတာလဲ"

"ဟင်? ကိုကိုလား"

အလန့်တကြားနဲ့ထအော်ပီး ဘာလုပ်နေတာလဲတဲ့

"အင်း"

" အိမ်ကိုဘယ်လိုဝင်လာတာလဲ"

"ဟောဗျာ ခင်ဗျားလေးရောက်နေတာ ကျွန်တော်မျိုးအိမ်ပါ"

"ဟီးးး ဟုတ်သားပဲ မေ့သွားလို့"

"အရူးလေး ထတော့ ကျောင်းသွားရမယ်လေ ၉နာရီတောင်ထိုးပီးနေပီ"

"ကိုကိုအိမ်လိုက်ပို့မှာလား"

"လိုက်ပို့ပါမယ်ဗျ မျက်နှာသစ်လိုက် အိမ်ရောက်မှသွားတိုက်တော့"

"အင်းအင်း"

"မြန်မြန်လုပ်နော် နောက်ကျနေမယ်"

"ဟုတ်ကဲ့ပါဗျ"

ရေချိုးခန်းထဲပြေးဝင်သွားသောအသဲပေါက်လေးကိုကြည့်ရင်း ....
"ချစ်ဖို့ကောင်းလိုက်တာကွာ"

စောင်တွေပြန်ခေါက် အိပ်ယာခင်းကိုသေချာပြန်ပြင် ကိုယ်တော်ချောကထွက်မလာသေး

"ယောင်းရေ မပီးသေးဘူးလား"

"ခဏ ခဏလေးကိုကို ထယ်အီအီးပါနေတာ"

"ဟားဟား ဟုတ်ပါပီဗျာ ပီးအောင်ပါ"

##

"သားတို့နိုးပီလား"

"သားကနိုးတာကြာပေါ့ ဒီအိပ်ပုတ်ကိုစောင့်နေရတာ"

"အီအီးပါနေလို့ကြာသွားတာပါ ဟွန့်"

"လာ မနက်စာလာစား"

"နောက်ကျနေပီအန်တီရဲ့ ဒါပေမယ့်အန်တီကပင်ပင်ပန်းပန်းလုပ်ထားတော့ သားနည်းနည်းစားသွားမယ်နော်"

TAE TAE's BUNNY *Completed*Where stories live. Discover now