" Daddy "

" အင်း ကြွေ ပြော"

" Daddy လုပ်နေကျအတိုင်း ဒေါသတွေ
ထွက်ပြီး အဆုံးထိ တားဖို့ပဲ လုပ်ပါလား... အခုလို
လေသံအေးအေးနဲ့ တရားချတာကို တကယ် အသားမကျဘူးရယ်...."

" ကြွေ.."

" ကြွေ အတွက်ဆိုပြီး ပြောင်းလဲ နေကြတာတွေကို တကယ် စိတ်ပျက်တယ် mommy ရော Daddy ရော ကြွေ့ကို ခေါင်းစဉ်တပ်ပြီး စိတ်ချမ်းသာရာ လုပ်နေကြတာတွေ မငြီးငွေ့ကြသေးဘူးလား??!"

ပြောရင်းနဲ့ ကြွေ့လေသံက အနည်းငယ်
ကျယ်သွားတာကြောင့် ဆိုင်ထဲက သူတစ်ချို့
လှည့်ကြည့်ကုန်ကြသည်။

" တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ပါ
ကြွေ.... သူကရော ကြွေ့အပေါ်..."

" ကိုးမာန်က ကြွေ့ကို ချစ်မှာပါ..... အင်း..."

ဒါကိုတော့ ကြွေကိုယ်တိုင်လည်း သိပ်မရေရာ။
ဒါပေမယ့်လည်း.... မုသားဆိုလည်း ခဏ သုံးပါရစေ

" ကြွေ...."

" coffee တွေ အေးတော့မယ် Daddy..
ပြီးတော့ မိုးလည်းရွာတော့မယ် "

အဆက်စပ်မရှိတဲ့ စကား ၂ ခွန်းကို ပြောတဲ့ ကြွေ့
သဘောထားကို ဦးမင်းနောင် နားလည်လိုက်ပါ
သည်။

ကြွေ နဲ့ ဘယ်လိုမှ ဆက်ဆွေးနွေးလို့ မရတော့ ဘူးပဲ....။
.
.
.
.
ဒါဆိုလည်း..... နောက်တစ်ယောက်ကို ပြောရမှာပေါ့....

တားနိုင်သမျှ အဆုံးထိ တားကြည့်မယ် ကြွေ...
အဆုံးရဲ့ အလွန်ကတော့.....

~~~~~~~~~~~~~~~~~

" အခု ဘယ်သွားနေတာလဲ ကြိုးလေး ?"

" ခိုးပြေးတာ မဟုတ်လို့ စိတ်အေးအေးထားပြီး
လိုက်ခဲ့စမ်းပါ "

ပေါ့ပေါ့ပါးပါး အေးဆေးပြောနေတဲ့ ကြိုးလေးကို
သွန်းမာန် ငေးကြည့်နေရင်း ခေါင်းထဲ မနေ့ညက
ဦးမင်းနောင်ကြိုး လာရှာပြီး ပြောသွားတဲ့ စကားကို
ပြန်တွေးမိသွားသည်။

* ဘာပဲဖြစ်ဖြစ် ကြွေ့ကို ငြင်းပေးပါ *

စကားလုံးက ရိုးရှင်းသလောက်
အဆိပ်ပြင်းလိုက်လေခြင်း..

သွန်းမာန်ကရော ဒီအခြေနေကို တအား ပျော်လို့
လက်ခံနေရတယ် ထင်နေကြလား မသိ..

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now