"မင်းသား ဆိုတော့‌
ယောက်ျားလေးပေါ့"

ရိပေါ်ဘုရားတောင်တမိသည်
ယောက်ျားလေးချင်းယူလို့ရလို့လား

"အဲ ယောက်ျားလေးဆိုပေမယ့်
အထင်တော့မသေးနဲ့နော်
ကျန်းနိုင်ငံကမင်းသားလေးရဲ့အလှကတွေ့သမျှလူကိုရူးသွားစေနိုင်တယ်တဲ့"

ရိပေါ်ပြန်တော့မပြောဖြစ်တော့ယောက်ျားလေးတစ်ယောက်ကအဲ့လောက်လှနိုင်ပါ့မလား....ရိပေါ်တော့မယုံပါ.....မင်းမျိုးမင်းနွယ်တွေကိစ္စဘယ်သူနဲ့ယူယူသူနဲ့လည်းမဆိုင်ပေ......

____________________________________

ကျီရွှမ်းခမည်း‌တော် ရဲ့အမိန့်အရသူ့ကြင်ယာတော်လောင်းကိုကြိုဆိုဖို့အတွက်နန်းတော်ဂိတ်ဝမှာစောင့်နေခြင်းပင်.....သူလက်ထပ်ရမယ့်လူကယောက်ျားတစ်ယောက်လို့စစကြားတုန်းက
ယုံတောင်မယုံနိုင်...

ဒါလဲကောင်းပါသည်။
မိန်းမတွေနဲ့ရှုပ်ရှုပ်ရှက်ရှက်အရောဝင်စရာမလိုတော့ဘူးပေါ့......ခမည်းတော်ရဲ့မိန်းမတွေဆို
ဧကရီနေရာတွေလု.....အာဏာတွေလုနဲ့..... ကျီရွှမ်းအဲ့လိုမျိုးတွေကိုတအားမုန်းပါသည်။
မိန်းမမယူဘူးလို့တောင်ဆုံးဖြတ်ထားတာ
အခုတော့ခမည်းတော်အလိုကျယောက်ျားယူရတော့မည်။

ကျီရွှမ်းတွေးနေတုန်းမှာပင်သူ့ကြင်ယာတော်လောင်းရဲ့ဝေါယာဉ်ရောက်လာသည်။

ဝေါယာဉ်ရှေ့ကလိုက်ကာကိုအထဲမှလက်သွယ်သွယ်လေးကဆွဲဖွင့်လိုက်သည်နှင့်ကျီရွှမ်းနှာခေါင်းဝသို့ကြာပန်းနံ့သင်းသင်းလေးက
လာရောက်နှုတ်ဆက်သည်။

အပြာရောင်ပိုးသားဝတ်စုံကို
ဝတ်ထားတဲ့လူတစ်ယောက်ဆင်းလာကာ

"မင်းသားသုံးကို
ရှောင်းကျန့် နှုတ်ဆက်ပါတယ်"

ကျီရွှမ်းအရင်ဆုံးကြည့်လိုက်မိတာကခါးသိမ်သိမ်လေး.. ယောက်ျားလေးတစ်ယောက်ရဲ့ခါးကအဲ့လောက်‌သေးစရာလိုလို့လား....မျက်နှာကိုတော့ဇာပုဝါနဲ့အုပ်ထားတဲ့အတွက်ကျီရွှမ်းမမြင်ရ

"အင်း မင်းခရီးပန်းလာမှာပေါ့
ငါကိုယ်တော်မင်းအတွက်
အစေခံတွေကိုအခန်းပြင်ခိုင်းထားတယ်
သွားနားလိုက်ပါအုံး"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now