Bonus chap - 2 (Zawgyi)

Start from the beginning
                                    

"Mama Kit... နေမကောင်းဘူးလား။ Papa ရော..."

ဒီလိုနှုတ်ဆက်သံက တိုက်ပွဲခေါ်သံလားပင်။ ထိုစဉ်မှာပင် P'Jane ဖုန်းထံ သူ စောင့်နေခဲ့ရသော ဖုန်းတစ်ကောလ် ဝင်လာသည်။ ဒါ မိုးနတ်မင်းကြီးဆက်တာပင်။ မဆိုင်းမတွ ဖုန်းကို ဖြေလိုက်သည်။

"Hello P'Trai "

Singto ရဲ့ လျှို့ဝှက်ပရောဂျက်ကြောင့် သူတောင် စိတ်တွေလှုပ်ရှားနေမိသည်။

*-*-*-* Peraya's Dream *-*-*-*

"Kit... King Power ပွဲအတွက် သီချင်းရွေးရအောင်လေ..."
တစ်ပတ်လုံးအနားမကပ်ခဲ့သူကြီး Khun Singto က အခုကျမှ Kit ကို သီချင်းရွေးရအောင်ဆိုကာ အတင်းအနားနားကပ်ထိုင်လာသည်။ အမြင်ကပ်လို့ တခြားဘက်ကို ခပ်ခွာခွာထိုင်ကာ ဘာမှမဖြစ်သလို ပြုံးပြလိုက်သည်။

"သီချင်းရွေးထားပြီးသား ရှိလား"
အံမယ်... သူ တအားကို အလုပ်မှာစိတ်နှစ်မယ်ပေါ့။ ကောင်းပြီ Khun Singto...။

"ထုံးစံအတိုင်း ဆိုဖူးတာတွေထဲကပဲ ဆိုကြမယ်လေ။ Khun Singto က သီချင်းအသစ်ကျက်ရတာ မကြိုက်ဘူးမလား။ ပြီးတော့ အားလည်းမအားဘူးဖြစ်နေတာလေ အဟင်း..."
အိုးအို... နောက်ဆုံးပိတ် ဟန်ဆောင်ရယ်သံက ခြောက်ကပ်ကပ်နဲ့ အရွဲ့တိုက်ချင်တာကို အရွဲ့တိုက်ဟန် အထမမြောက်လိုက်။ အိုကေ... fail တယ်ပဲထားတော့။

"ဟုတ်တယ်... သီချင်းအသစ်ကျက်ဖို့အချိန်မရှိဘူး"
အသံက တိုးပေမယ့် သေချာကြားရနိုင်သည့် လေသံလောက်ဖြစ်၍ သေချာကြားလိုက်ရပါသည်။ အမြင်ကပ်စရာကောင်းအောင် ပြုံးတုံ့တုံ့လုပ်ကာ ကျောပိုးအိတ်ထဲက ထုတ်လာသည့် A4 size စက္ကူအိတ်လှလှလေးကို Kit ထံ လှမ်းပေးလာသည်။

"အဲ့နေ့ Kit အပမ်းမကြီးရင် ဒါလေးဆိုကြမယ်"

သီချင်းစာရွက်ကိုများ တကူးတက အိတ်ထဲထည့်ယူလာသေးဆိုသော အကြည့်မျိုးဖြင့် မကြည်တစ်ဝက် ကြည်တစ်ဝက် ကြည့်ကာ စာအိတ်ကို လှမ်းယူလိုက်သည်။ စာအိတ်ထဲကို ဖွင့်ကြည့်တော့ A4 ဆိုဒ် ရေမွှေးကတ်နဲ့ ထုတ်ထားသည့် သီချင်းစာသားများ။

သီချင်းခေါင်းစဉ်ကို မြင်မြင်ချင်း Kit တစ်ယောက် ဘာမှမပြောနိုင်အောင် ဆွံ့အသွားမိသည်။ အံ့သြလွန်းလို့ P'Sing ကိုပါ ပြူးကြည့်မိသည်အထိ။ ရင်ခုန်သံများသည်ပင် ဆူညံကျယ်လောင်စွာ ကခုန်မြူးတူးနေသည်။ သီချင်းခေါင်းစဉ်က အချစ်တွေကို ရှင်သန်ခွင့်ပြုပါလို့ အဓိပ္ပါယ်ရတဲ့ "Let Love Appears" ၊ P'Sing ကိုယ်တိုင်လည်း cover ပြန်ဆိုထားတဲ့သီချင်းလေး။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now