အခန်း ၄၃ - Game Video Clip လူရွေးပွဲ

6.1K 1.1K 145
                                    

သူ တနင်္လာနေ့မှာ ထုံးစံအတိုင်း studio ကို သွားသည်။ သူက အလုပ်သင်အဆင့်ပဲ ရှိသေးတော့ Studio အနှံ့မှာ ကြုံရာအလုပ် လုပ်ရသည်။ ဒီလိုအလုပ်မျိုးကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လုပ်ခဲ့ဖူးသည်။ အစကနေ ပြန်လုပ်ဖို့ ကြုံလာလိမ့်မယ်လို့ သူမထင်ထား။

သူ studioကိုရောက်တော့ အတူတူအလုပ်လုပ်တဲ့လူတွေ တော်တော်များများရောက်နေပြီဖြစ်ပြီး မိန်းကလေးအချို့ တွတ်ထိုးပြောနေတာကို ကြားရသည်။

"မဟုတ်လောက်ပါဘူးနော်၊ ယန်မင်ရှုက ဒီလိုပြောမှာ မဟုတ်ဘူး။"

"အေးလေ၊ ငါ သူစကားပြောတာ တစ်ခါမှ မကြားဖူးဘူး။ သူ စကားပြောတတ်ရဲ့လားလို့တောင် ထင်နေတာ။ ရုပ်ရှင်ထဲမှာတော့ သူ့အသံက အရမ်းနားထောင်လို့ကောင်းတယ်၊ dubbing လုပ်ထားတာ များလားမသိဘူး။"

"ဟဲ့ သူစကားပြောတတ်ပါတယ်။ မပြောတာပဲ ရှိတယ်၊ အဲ့လိုပုံစံလေးက အရမ်းအထာကျတယ်လေ။"

"ဘာကို အထာကျတာလဲ၊ ငါတော့ သူ့ပုံစံက ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်။ အနုပညာလောကမှာ အဲ့လိုပုံစံမျိုး တစ်ယောက်မှ မရှိဘူး။ သူက ရီလည်းမရီဘူး၊ စကားလည်း သိပ်မပြောဘူး။ သူ့မှာ မိသားစုကျောထောက်နောက်ခံသာ မရှိရင် ရုပ်ဘယ်လောက်ချောချော နာမည်ကြီးမှာမဟုတ်ဘူး။"

ကျိုရှီအန်း သူတို့ကိုဖြတ်သွားရင် ပြုံးလိုက်သည်။ "မိန်းကလေးတို့၊ ဒီလောကထဲမှာ လူအမျိုးမျိုးရှိတယ်၊ ဒီလိုစကားမျိုးက အချင်းချင်းပြောတာပဲကောင်းတယ်၊ သူများတွေ မကြားစေနဲ့။"

မိန်းကလေး တော်တော်များများကြောင်သွားသည်၊ ကျိုရှီအန်းလို လူသစ်တစ်ယောက်က သူတို့ကို ဘာလို့ဆရာလာလုပ်နေလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ကျိုရှီအန်းလည်း သူက အရင်လို senior မဟုတ်တော့ဘူးဆိုတာ သတိရသည်။ ဒါပေမယ့် သူ မထိန်းနိုင်ဘဲ ပြောမိသွားသည်။

ဘာမှမသိနားမလည်ဘဲ လျှောက်ပြောနေတဲ့ ဒီမိန်းကလေးတွေကို သတိပေးချင်တာ ဆိုပေမယ့် အဓိက အကြောင်းပြချက်က ယန်မင်ရှုအကြောင်း ဘာမှမကြားချင်တာဖြစ်သည်။ မဖြစ်နိုင်ဘူးဆိုတာလဲ သူသိသည်။ ဒီလောကထဲမှာ လုပ်ကိုင်စားသောက်နေသရွေ့ ယန်မင်ရှုအကြောင်း သတင်းပေါင်းစုံကို မကြားချင်လည်း ကြားနေရဦးမည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now