Extra 1: ယန်မင်ရှုဘက်က အမြင်

7.7K 1.2K 98
                                    

(အပိုင်း၄၀ကို မျှော်နေကြမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ဒီextraက ဇာတ်သိမ်းပြီးမှ ဖတ်ရင် သိပ်feeling လာတော့မှာမဟုတ်လို့ အရင် ဘာသာပြန်ပေးလိုက်တာပါ 😊😊 )

တကယ်တော့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သူ့နှလုံးသားထဲမှာ ကျိုရှီအန်းအပေါ်ထားတဲ့ ခံစားချက်တွေ နည်းနည်းပြောင်းလဲလာတာကို သူခံစားမိသည်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူ ဂရုမစိုက်ခဲ့။ ကျိုရှီအန်းက သူ့ဘ၀ထဲကို အ၀င်ခံလိုက်တဲ့ ပထမဆုံးလူ၊ သူနဲ့ အတူနေတဲ့ ပထမဆုံးလူဖြစ်တာကြောင့် ကျိုရှီအန်းအပေါ် သူများနဲ့မတူတဲ့ ခံစားချက်ပေါ်လာတာမျိုးက ဖြစ်သင့်သည်။ ပြီးတော့ ဒီခံစားချက်ကလည်း ကျိုရှီအန်းက ၀မ်ယုတုန်နဲ့ တူလို့ ပေါ်လာတဲ့ ခံစားချက်ပဲ ဖြစ်လိမ့်မည်။

ဝမ်ယုတုန် သူ့အမနဲ့ စေ့စပ်လိုက်ချိန်မှာ သူ ၀မ်ယုတုန်ကို လက်လျှော့လိုက်ဖို့ စီစဉ်ထားပြီးပြီ။ မျှော်လင့်ချက်မရှိတဲ့ ခံစားချက်တွေနောက်ကို လိုက်ဖို့ဆိုတာ တွက်ခြေမကိုက်တဲ့ အလုပ်တစ်ခုဖြစ်သည်။ ပြီးတော့ သူရှေ့ဆက်ရင် သူ့အမကို နာကျင်အောင် လုပ်မိသွားနိုင်သည်။ ဒီလိုကိစ္စမျိုးကို သူ ခေါင်းမာပြီး တင်းခံမနေသင့်။ နောက်ပြီး ကျိုရှီအန်း သူ့ဘေးမှာ ရှိတဲ့အချိန်ဆို သူ အထီးကျန်မှုကို မခံစားရတော့တာကို သတိထားမိတဲ့အချိန်မှာ ဒါ သူ့အတွက် လုံလောက်ပြီလို့ ခံစားရသည်၊ ပြည့်စုံသွားပြီလို့တောင် ခံစားရသည်။

အဲ့ဒီ့အချိန်မှာ သူ ကျိုရှီအန်းကို လက်ခံဖို့ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့် သူမထင်မှတ်ထားတာက ကျိုရှီအန်း အကုန်လုံးကို သိသွားပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်မယ် ဆိုတာကို ဖြစ်သည်။ နောက်ဆုံးမှာ သူ ၀မ်ယုတုန်အကျိုးအတွက် ကျိုရှီအန်းကို စတေးမလား၊ ကျိုရှီအန်းအတွက် ၀မ်ယုတုန်ကို စတေးမလားဆိုပြီး ရွေးချယ်ရတဲ့ အခြေအနေအထိ ရောက်လာသည်။ ၀မ်ယုတုန် ကိုယ်တိုင်က တောင်းဆိုလာတဲ့ အချိန်မှာ သူ့မှာ ငြင်းစရာ အကြောင်းမရှိ။ သူ့မှာလည်း သူ့အကြောင်းပြချက်ရှိသည်။ ပထမအချက်က၊ ဒီဇာတ်ကောင်နေရာကို ၀မ်ယုတုန်ရမယ်ဆိုရင် သူ့ရဲ့ အပေါင်းတန်ဖိုးက တစ်ဆယ်ဖြစ်သည်၊ ကျိုရှီအန်းဆိုရင် တစ်ရာ။ ဆုံးရှုံးရမယ်ဆိုရင် ကျိုရှီအန်းက အများဆုံး တစ်ဆယ်သာ ဆုံးရှုံးမည်၊ ဒါပေမယ့် ၀မ်ယုတုန်ကတော့ တစ်ထောင်ဆုံးရှုံးမည်။ ဒုတိယက သူ ကျိုရှီအန်းကို ဒီ့ထက်ကောင်းတဲ့ ဇာတ်ကောင်နေရာ ဖန်တီးပေးနိုင်သည်၊ ပိုကောင်း ပိုချောမွေ့တဲ့ လမ်းခင်းပေးနိုင်သည်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က သူ့လူကို လန်မျိုးနွယ်နဲ့ ရုပ်ရှင်တစ်ကားထဲမှာ သရုပ်ဆောင်ခွင့် မပြုနိုင်။ ကျိုရှီအန်းကို လူတွေ ကြည့်တာကိုတောင် သူမုန်းသည်၊ တပ်မက်နေတာကိုဆိုရင်တော့ ပြောမနေနဲ့တော့။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now