အခန်း ၁၃ - ရုပ်ရှင်ရိုက်ကွင်း

5.8K 970 48
                                    

ကျိုရှီအန်း နောက်နေ့ မနက်အစောကြီးထပြီး studioကို သွားသည်။ ဒီနေ့က outdoor ရိုက်ကွင်းရိုက်ရမှာမို့ သူတို့ studio မှာ လူစုပြီး ရိုက်ကွင်းနေရာကို bus ကားနဲ့ အတူတူသွားကြသည်။

ဒီနေ့ရိုက်ရမယ့်အခန်းက လွယ်တော့မလွယ်။ ရေထဲမှာ ရိုက်ရမှာဖြစ်သည်။ ငါးမိနစ် ခြောက်မိနစ်လောက်ကြာမယ့် ရေထဲမှာ ချတဲ့အခန်း၊ တစ်ဝက်လောက်ကို လူစားထိုးသုံးပြီး ရိုက်မှာဖြစ်သည်။ အခုအချိန်က ဆောင်းဝင်နေပြီဖြစ်သဖြင့် နေ့လည်ပိုင်း အပူဆုံးအချိန်ကတောင် ၁၈၊ ၁၉ ဒီဂရီ ဆဲဆီးယပ်လောက်သာရှိသည်၊ ရေထဲမှာဆို သိသိသာသာပိုအေးသည်။

ကျိုရှီအန်းအတွက်တော့ ဘာမှ စောကတတက်စရာမရှိ။ ရုပ်ရှင်ရိုက်တာက ဒီလိုပဲဖြစ်သည်။ ဘာဖြစ်ဖြစ် အံကြိတ်ပြီး ဇာတ်ဝင်ခန်း ပီပြင်အောင် လုပ်ရသည်။ ငွေရှာရတာက လွယ်တဲ့အလုပ်မဟုတ်။

နာရီဝက်လောက်ကြာတော့မှ ၀မ်ယုတုန် သူ့လက်ထောက်နဲ့အတူ ရိုက်ကွင်းကိုရောက်လာသည်။ ကျိုရှီအန်း အခုတလော သူ့ကို ခဏခဏမြင်နေရသည်။ အရင်ကဆို သူတို့အခန်းတွေကို သက်သက်ဆီရိုက်သည်။ သူကြားမိတာကတော့ ဒါရိုက်တာဝမ် နောက်ထပ်ရိုက်မယ့်ကားက 3D fantasy ကားဖြစ်ပြီး၊ ၀မ်ယုတုန်က အဲဒီ့ကားရဲ့ မင်းသားနေရာကို လိုချင်နေတာကြောင့် အရမ်းကြိုးစားပြနေခြင်းဖြစ်သည်။

မင်းသားအခန်းနဲ့ လူစားထိုးအခန်းက မဖြစ်မနေ အတူတူရိုက်ရတာမျိုးမဟုတ်ပေမယ့် အတူတူရိုက်ရင် ပိုကောင်းသည်။ ဒါရိုက်တာဝမ်က အကုန်အလုံးကို အလေးအနက်ထားတတ်ပြီး အကောင်းဆုံးလုပ်ချင်သူဖြစ်သည်။ အမြဲတမ်း ကျိုရှီအန်းနဲ့ ၀မ်ယုတုန်ကို အတူတူလာရိုက်ဖို့ ခေါ်သည်။ ဒါပေမယ့် ၀မ်ယုတုန်က သူ့အခန်းရိုက်မယ့်အချိန်ကျမှ လာတတ်သည်။ ဒါကြောင့် ဒီနေ့သူလာတော့ ဒါရိုက်တာဝမ် နည်းနည်းကျေနပ်နေပုံပေါ်သည်။

ကျိုရှီအန်း ယာယီတဲထဲမှာ မိတ်ကပ်လိမ်းနေတုန်း ၀မ်ယုတုန်ဝင်လာသည်။ ကျိုရှီအန်းက သူ့ကို မှန်ထဲကနေ မြင်တော့ လှမ်းနှုတ်ဆက်သည်။ "အကိုတုန်။"

ဝမ်ယုတုန်က သူ့ကိုပြုံးပြပြီး မီယူဘက်ကို လှည့်ပြောသည်။ "ကောင်မလေး၊ သူ့နားထင်ကဆံပင်ကို အရောင်ပြောင်းလိုက်ဦး။ သူ့ဆံပင်အရောင်က ကိုယ့်အရောင်ထက် ပိုနက်နေတယ်။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now