ရဲဇော်နှင့် စိုင်လျန်က မိုးဇေနားပြေး၏။ ခန့်ပိုင်ကတော့ မျက်စိ တမှိတ်အတွင်း ဘာဖြစ်သွားသလဲ ကြောင်ကြည့်နေဆဲဖြစ်သည်။ သွေးတွေ ကျနေသည့်တိုင် နားကျင်မူမပြဘဲ
အမေ့အလောင်းကို တစိုက်မတ်မတ်စိုက်ကြည့်ပြီး တဖြေးဖြေး လဲကျသွားသော လူဟာ ကျွန်တော့် ကိုလေး တဲ့လား။ အဲ့ဒီလောက်တောင်မှပဲ.. ကျွန်တော်ထက်ပိုပြီး မိုက်ရူးရဲဆန်တဲ့လူလား။ အဲ့ဒီလောက်တောင်မှပဲ အဆိပ်ပြင်းတဲ့ လူတစ်ဦးလား။ အဲ့ဒီလောက်တောင်မှပဲ ရက်စက်တတ်သည့် လူလား။

ကိုလေး ဆီက ပြန်ရလိုက်တဲ့တုန့်ပြန်မူက ဒီလိုတဲ့လား။ မုန်းလိုက်တာဗျာ။

..........

"မောင် ဘာလုပ်နေတာလဲ"

ခေါင်လေးက စားပွဲလေးပေါ် တစ်စောင်းလေး အိပ်ရင်း နှိုင်းလက်ပေါ်က ပတ်တီးလေးကို တထိထိလုပ်နေ၏။

"နှိုင်း... မောင် လေ"

"အင် ပြောလေ... "

ပြောဖို့စိတ်ကူးထားသော စကားက နှိုင်းအစိုးရိမ်လွန်တတ် လွန်းသည့်စိတ်ကြောင့် မပြောဖြစ်ပေ။

"ဘာမှမဟုတ်တော့ဘူး... နှိုင်း မက်မန်းခြံသွားမလား မောင်လိုက်ပို့မယ်"

"မိုးဇေတို့ကို မစောင့်တော့ဘူးလား"

ကြီးညွှန့်ကို ထပ်ပြီး မကြည့်ရဲတော့ဘူးဟုဆိုကာ ခေါင်လေးက နှိုင်းကိုလည်း လိုက်မသွားဖို့ ပြောပြီး အောက်မှာနေခဲ့ပါ၏။

"မိုးဇေ က အဆင်ပြေမှာပါ... နှိုင်း မက်မန်းခြံသွား ချင်လားဟင် ...ကြံခင်းတွေ ကြည့်မလား"

လူတွေ ရှိနေသည့်တိုင် ခေါင်လေးက နှိုင်း လက်ချောင်း လေးတွေကို လိုက်ထိနေပြန်၏။ ဘကြီးနှင့် အမေကြီး၊ အစ်ကို အစ်မတို့က သူတို့ကိုမြင်သော်လည်း ဘာမှ မထူးဆန်းသလို သူတို့လုပ်စရာ ရှိသည်ကိုသာ
ဆက်လုပ်နေကြသည်။

" အင်... ကြည့်ချင်တယ်... သွားရအောင်"

"အင် သွားမယ်"

နှိုင်း ပြောရုံရှိသေး ခေါင်လေးက နှိုင်းလက်ကို ဆုပ်ကိုင် လိုက်သဖြင့် နှိုင်း မောင့်ကို ခပ်ငေးငေးလေး ကြည့်မိ၏။ မောင် တစ်ခုခုကို ဖုံးကွယ်ထားပုံရသည်။ ဘာလဲ...
ဆိုသည်က်ိုတော့ သူမတွေးတတ်ပေ။ သို့တိုင်
လမ်းခွဲစကားမဟုတ်ပါစေနဲ့လို့ သူ အကြိမ်ကြိမ် အခါခါပင် ဆုတောင်းနေမိသည်။ ဒီအတွေးတို့ကလည်း
အမြဲတမ်း ရိုက်ပုတ်နေတာ ဘယ်တော့မှရပ်မည်မသိပေ။

Black Memory(U+Z)(Completed )Onde histórias criam vida. Descubra agora