၂၆

9.8K 431 11
                                    

Unicode.........










စစ်ခွန်း...

သားနဲ့ကျွန်နော် ပစ္စည်းတွေသိမ်းနေရင်း

" သား"

" မေမေ ''

အခန်းထဲက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး

" မေမေ သား "

" အမေနားလည်ပါတယ်
အမေမျှော်လင့်တာတစ်ခုက
သားပျော်နေတာပဲ မြင်ချင်တာ
.
.
.
.
ငယ်ငယ်တည်းက အငယ်ဆုံး ဖြစ်တဲ့သားက အိမ်ရဲ့ အခက်ခဲတွေကို ကြုံခဲ့ရတာအများဆုံးပဲ

သားအကိုတွေအမတွေတုန်းကလည်း
အိမ်က အဆင်မပြေခဲ့ပေမဲ့
သူတို့က သူတို့အတွက်ပဲကိုယ်လွတ်ရုန်းခဲ့ကြတယ်

သူရိန်မင်း (သားကြီး)
တုန်းကလည်း အမေ့မှာ မဂ်လာဆောင်ပေးဖို့ပိုက်ဆံမရှိလို့

အမေတို့က တစ်သက်မှာ တစ်ခါဆောင်ရတဲ့မဂ်လာဆောင်လေးကိုတောင် မဆောင်ပေးချင်ကြဘူးလားဆို​ပြီးပြောတော့ အမေ့ မှာ မရှိမဲ့ရှိမဲ့နွားကိုရောင်းပြီး မဂ်လာဆောင်ပေးလိုက်ရတယ် 😥

ယမုံ ကျတော့လည်း
သားငယ်လေး ဆယ်တန်းပြီးမှ
ယူပါ(ယောက်ကျားယူပါ)လို့ အမေတောင်းပန်တာတောင်
ရဲအောင်( ယမုံယောက်ကျား)
အဖေက သူ့သားကို ရှေ့နေမနဲ့ အတင်းပေးစားနေတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူက ယူချင်နေတာလဲ ပါမှာပေါ့သားရယ်......
သူတို့အတွက်သူတို့ ကိုယ်လွတ်ရုန်းသွားတာချည်းပဲသားရယ်...

မိဘတွေအတွက်တစ်ချက်လှည့်ကြည့်မပေးကြဘူး...
ထက်အောင် နဲ့ သား ကတော့အမေတို့ကို အကျိုးပေးဆုံးသားတွေပေါ့

ထက်အောင်ကျသားလိုပညာတတ်မဟုတ်တော့ ပိုက်ဆံတော့ အများကြီးမရှာနိုင်ဘူးပေါ့သားရယ်
ဒါပေမဲ့လည်း တစ်ကိုယ်လုံးဘိလပ်မြေတွေပေပြီး လူရုပ်မထွက်တဲ့အထိ
လုပ်ကိုင်ကျွေးခဲ့တာလေ အဒါကြောင့်အမေလည်း ထက်အောင် ကို
အခုလို လူကောင်းပကတိ ပြန်ဖြစ်လာတဲ့အထိ ကြိုးစားစောင့်ရှောက်ခဲ့တာပေါ့.....

သားကိုလည်း အမေတို့ ပညာတွေသင်ပေးခဲ့တာက ဘာမျှော်လင့်ချက်
မှမရှိပါဘူးသားရယ်
သားဘဝရှေ့ဆက်ရင် သားမိန်းမ တွေ
ကလေးတွေကို လုပ်ကိုင်ကျွေးရင် သားပညာတတ်တော့ မပင်ပန်းတော့ဘူးပေါ့      
အမေတို့အတွက်မျှော်လင့်ပြီး ပညာတွေသင်ပေးခဲ့တာမဟုတ်ပါဘူးသားရယ်
ဒါပေမဲ့သားက.   အမေတို့​မျှော်လင့်မထားတဲ့  ဒီအ​ခြေ အနေ
ဒီလိုအနေအထားမျိုးရောက်အောင်လုပ်ပေးခဲ့တာ အမေအလောက်နဲ့ကျေနပ်ပါတယ်
အမေဒီထက်ပိုပြီး ဘာမှမမျှော်လင့်ပါဘူး
သားတို့သမီးတို့ အဆင်ပြေပျော်ရွှင်နေတာပဲလိုချင်တော့တယ်
ကိုယ့်သားသမီးတွေအဆင်ပြေ ပျော်ရွှင်နေတာမြင်ရရင် အမေလည်းပျော်ပါတယ်

Forever 💚 (unicode and zawgyi) Completed Место, где живут истории. Откройте их для себя