၁၉

10.7K 631 34
                                    

Unicode......



"ကဲ..ပြောပါဦး
ဘာကိစ္စနဲ့ တွေ့ချင်ရပြန်တာလဲ"

" မင်းကလည်းကွာ မတွေ့ရတာခနကို
စိမ်းကားနေလိုက်တာ...."

" ဟယ်ရီ မင်းကလေ စကားကိုကွေ့ဝှိုက်ပြောတဲ့အကျင့်ကမပြောက်တော့ဘူး...ဟားးးးး 😂"

ကျွန်တော့်သူငယ်ချင်း ဟယ်ရီ.တကယ်ကိုခင်ဖို့ကောင်းတဲ့သူပါ.ဂျပန်စရောက်ပြီး အခက်ခဲတွေနဲ့ကျွန်တော့်ကို သူလုပ်ပေးနိုင်သမျှ အားလုံးကူညီခဲ့တယ်.ကျွန်တော့်အပေါ်တကယ်ကို ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ပါ.သူ့ပါသူ ဘယ်လောက်ပဲမိန်းမကိစ္စရှုပ်ရှုပ်ပေါ့.သူက ဂျပန်ကိုကျောင်းလာတက်တာ.သူ့မိသားစုကတော့ အတော်ပိုက်ဆံရှိပုံရတယ်.အခုသူလည်းကျောင်းပြီးလို့ မြန်မာနိုင်ငံ ကိုအပြီးပြန်လာတယ်ပြောတာပဲ. သူ့နဲ့စခင်တည်းက သူ့မိသားစုအကြောင်းပြောသံသိပ်ပြီးတော့မ ကြားရဘူး.သူတစ်ခါပြောဘူးတာတော့ အကိုနှစ်ယောက်ရှိတယ်တဲ့.သူမပြောချင်မှန်းသိလို့ သူ့မိသားစုကိစ္စကိုမမေးဖြစ်ဘူး.

" ငါတို့ ရွှေစက်တော်သွားရအောင်ကွာ..
ငါငယ်ငယ် မြန်မာနိုင်ငံမှာ တည်းက တစ်ခါမှမရောက်ဖူးဘူးကွ..ငါငယ်ငယ်တည်းက အရမ်းသွားချင်ခဲ့တာ....
အတူသွားမဲ့သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ...
လိုက်ခဲ့ပေးပါကွာ...."

ရွှေစက်တော် ကျွန်တော်တို့ မကွေးက.. ကျွန်တော်တို့ရွာနဲ့ နီးနီးလေး.ပြောရင်းရွာကိုတောင်သတိရလာပြီ.

" ok လေ... ငါတို့နယ်ဘက်ကပဲ..
ငါလည်း ရွာအလည်ပြန်ရင်း အဆင်ပြေတာပေါ့ကွ....."

" မင်းက အဲ့ဘက်ကလား''

" အေးလေ...ငါက မကွေးသား
ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့
နတ်မောက် မြို့သားကွ..ဟား...."

" အော်...မင်းကတောသားကို.."

"ဟေ့ရောင်..တောသားကဘာဖြစ်နေလို့လဲကွ နတ်မောက်သားနော် သွေးလာမစမ်းနဲ့ ​​သေသွားမယ်..ဟင်း..ဟင်း..."

"ကြောက်ပါပြီ နတ်မောက်သားကြီးရယ်
နတ်မောက် သားဖြစ်တာဂုဏ်ဆာလို့မပြီးတော့ဘူး.......
အော် မင်း တို့ရွာဆို ငါလည်းလိုက်လို့ရလား...ငါအလိုနယ်ဘက်ကိုတစ်ခါမှမရောက်ဖူးဘူး...လိုက်ချင်တယ် နော်...နော်...."

Forever 💚 (unicode and zawgyi) Completed Where stories live. Discover now