၁၈

10.2K 638 18
                                    

Unicode......


သွေးအိုင်ထဲမှာ လဲ ကျနေတဲ့ လူတစ်ယောက်.....အသက်က ကျွန်တော်တို့နဲ့ ရွယ်တူလောက်ဖြစ်မယ်ထင်တယ်ယောက်ကျားလေးတစ်ယောက်သန့်သန့်ပြန့်ပြန့်ပုံလေးနဲ့ သွေးထွက်လွန်နေတယ် ကြည့်ရတာ အခြေနေမကောင်းလောက်ဘူးထင်တယ်.သူ့ကိုသနားပြီး ကြည့်မနေနိုင်သေးဘူး.အရင်ဆုံးရှိုင်းလေးကိုအရင် တွေ့အောင်ရှာရဦးမယ်.သားသား သာတစ်ခုခုဖြစ်သွားရင် ကျွန်တော်ပျော်ရမှာမဟုတ်ဘူး.စောနကအဖြစ်ပျက်မှာ ကျွန်တော်သေချာသွားပြီ.အဲ့လူနေရာမှာ
သားသားသာ ဖြစ်မယ်ဆို ကျွန်တော်နှလုံးသားတစ်ခုလုံးစုတ်ပျက်သက်သွားမယ်ထင်တယ်.ဘာလို့လဲမသိ အဲ့အချိန်တုန်းကခံစားချက်က ကျွန်တော့်ကလေးကိုဆုံးရှုံးလိုက်ရတုန်းက ခံစားချက်နဲ့ထပ်တူဖြစ်နေတယ်.ကျွန်တော်မရက်စက်နိုင်ပါဘူး.အဒိကလေးတစ်ခုခုဖြစ်မှာကိုတကယ်မလိုလားပါဘူး..ဟူးးးးးးးး..ဘယ်မှာလဲ သားသားရယ်.....

လူအုပ်ထဲကထွက်ပြီး ကစားကွင်းတစ်ခုလုံးပတ်ပြီးရှာတာလည်း ကလေးကိုမတွေ့သေးဘူး.ကျွန်တော်ရင်တွေပူလှပြီ. လူတစ်ကိုယ်လုံးလည်းပူထူနေပြီ. ကားရှေ့ကလူသာ အဲ့ကလေးဖြစ်နေရင် ကျွန်တော် ကိုယ်ကိုကို ဘယ်တော့မှခွင့်မလွှတ်ဘူး အခုလည်းကလေးတစ်ခုခုဖြစ်ရင် ကျွန်တော့် ဘယ်လို့မှ ခွင့်လွှတ်လို့ရမှာမဟုတ်ဘူး..
.
.
.
.
.
.
.
.

နောက်ဆုံး ကျွန်တော်တို့ ထိုင်ခဲ့တဲ့ ထိုင်ခုံနားရောက်တော့ ကလေးတစ်ယောက်ထိုင်နေတဲ့ ပုံရိပ်လေး တွေ့ပါပြီဗျာ.အပြေးသွားမိတော့ ကလေးက ကျွန်တော့ကိုမြင်တော့ ပြေးပြီးအတင်းလာဖက်တယ်

" သားသား...​တောင်းပန်ပါတယ်.ကိုကို
သားသားအရမ်းဆော့လို့  ပျောက်သွားတာ......သားသားအရမ်းဆော့မိလို့   ​တောင်းပန်ပါတယ် ကိုကို...နောက်တစ်ခါဒီလိုမဖြစ်စေရလို့   ကိုကိုစိတ်မစိုးပါနဲ့နော်.......😭"

ကြည့်ပါဦး ကျွန်တော် ထားခဲ့တာကို သူ့အမှားပါစိုပြီးကျွန်တော်စိတ်စိုးမှာကြောက်နေတာ......
ကျွန်တော် ဒူးထောက်ထိုင်ချပြီး သူ့ကိုဖက်လိုက်တယ်.

'" ကိုကိုက တောင်းပန်ရမှာပါ
ကိုကိုတောင်းပန်ပါတယ်နော်......"

Forever 💚 (unicode and zawgyi) Completed Where stories live. Discover now