10.1K 512 3
                                    

Unicode....

ကျွန်တော်တို့ အိမ်က ပိုက်ဆံမရှိပေမယ့်လည်း  မိသားစုစည်းစည်းလုံးလုံးနဲ့  သယာတဲ့မိသားစုတစ်ခုဖြစ်ခဲ့တယ်.အခုတော့ အခက်ခဲတွေလို့ ပြောရမလားတော့ မသိဘူး အိမ်က အကိုငယ်(ထက်အောင်) က မိန်းမနဲ့ကွာပြီ အိမ်ကို လာနေတာကြာပြီဆိုပေမဲ့ အခုတော့ နေမကောင်းဖြစ်ပြီ
.
.
.
နေမကောင်းဆိုတာထက် အရက်သောက်များပြီး အားနည်းတာဆို ပိုမှန်မှာပေါ့. အခြေနေမကောင်းလို့ ဆေးရုံပါတင်လိုက်ရတယ်.-----ဆေးရုံ  အဖေရောအမေရော နှစ်ယောက်လုံးဆေးရုံစောင့်နေရလို့ အိမ်တောင်ပြန်မလာနိုင်ကြဘူး.အကိုကြီး(သူရိန်မင်း)ကလည်းထောက်ပံ့တယ်ဆိုပေမဲ့ သူလည်း သူ့အိမ်ထောင်နဲ့  သူဆိုတော့ အများကြီးတော့ ဘယ်ထောက်ပံ့နိုင်မလဲ.အဖေကလည်း အသက်ကြီးပြီးဆိုတော့အလုပ်မလုပ်နိုင်တော့ဘူး.အမေကတော့ အရင်တည်းက အိမ်မှာနေပြီး အိမ်အလုပ်တွေပဲလုပ်တယ်. အခုတော့ အိမ်မှာ အလုပ်လုပ်မဲ့သူ  ကျွန်တော် တစ်ယောက်ပဲရှိတော့တယ်.ကျွန်တော့် ဝင်ငွေနဲ့ ငွေတိုးပေးထားတဲ့ပိုက်ဆံတစ်ချို့ပဲသုံးစရာငွေရှိတော့.ကျွန်တော်က တစ်အိမ်လုံရဲ့ အဓိကလူဖြစ်နေပြီ အာ့တော့ကျွန်တော် အရင်ကထက် ပိုကြိုးစားမှရတော့မယ်.ကိုငယ်ရဲ့ အခြေအနေ ကသိပ်မကောင်းလို့ နေပြည်တော်ကအမ (ယမုံ)ကလည်းကလေးနဲ့ ရန်ကုန်ရောက်ချလာတော့ ကျွန်တော်ကပဲ မမနဲ့ အိမ်မှာ နေပြီ ကလေးကူထိန်းရတာပေါ့.အလုပ်ကပြန် အိမ်မှာကလေးထိန်း ပိတ်ရက်ဆို အမေအဖေတို့နဲ့ လူချိန်းပြီး ကျွန်တော်နဲ့ ကိုကြီးတို့စောင့်ပေးရ.ကျွန်တော်လည်းမအားတော့ ကိုကိုနဲ့လည်း အလုပ်ဆင်းချိန် တူတူပြန်တာကလွဲလို့ သိပ်မတွေ့ဖြစ်ကြဘူး. ဖုန်းတော့အမြဲလိုလိုပြောဖြစ်ပါတယ်.ကိုငယ်ကလည်း နာတာရှည်ရောဂါလိုမျိုးဖြစ်သွားတဲ့အတွက် ဆေးရုံတက်ရတာ တစ်လနီးပါတောင်ရှိနေပြီ. တစ်အိမ်လုံးလည်းပင်ပန်းနေပါပြီ.မမကတော့ ကလေးနဲ့ ကြာကြာနေဖို့အဆင်မပြေလို့ နှစ်ပါတ်လောက်နေပြီး ပြန်သွားတယ်..
.
.
.
အလုပ်က ...အိမ်ပြန်ရင်း
.
.
"ကလေး အခုတလောအရမ်းပင်ပန်းနေပုံပဲ လူလည်းအရမ်းပိန်ပြီး မျက်နှာလည်းမကောင်းဘူး"

Forever 💚 (unicode and zawgyi) Completed Место, где живут истории. Откройте их для себя