10.2K 524 0
                                    

Unicode......


ရှိုင်းခေတ်
မနက်အိပ်ယာနိုးလာတော့ ဘေးမှာဘယ်သူမှမရှိဘူး.ခန္ဓာကိုယ် မှာလဲ ဘောင်ဘီ တစ်ထည်ပဲ ရှိတယ်. တွန့်ကြေနေတဲ့ စောင်အဖြူ လေးကိုလှန်ကြည့်တော့  အနီ သွေး ကွက်တွေ.
.
.
.
ပြန်စဉ်းစားတော့ မနေ့က ငါ  ကလေးကို ဖုန်းခေါ်ခဲ့တယ် ပြီတော့ ဘာတွေဆက်ဖြစ်တာလဲ.

(သေလိုက်ပါတော့ ရှိုင်းခေတ် ရာ မင်း ကလေးကိုဘာတွေ လုပ်မိပြီလဲ)
.
.
.
.
.
.

ရုံးမသွားဘဲ ကလေး အလုပ်ကို လိုက်လာတော့ ဒီနေ့ အလုပ်မလာဘူးတဲ့.ဖုန်းဆက်တော့လဲ မကိုင်ဘူး စိတ်ပူလို့ သေရပါတော့မယ် ကလေးရယ်..
.
.
.
.
.
အိမ်လိုက် သွားရင်လည်း ကလေးအိမ်က ကိုတို့ပတ်သတ်မှုကိုမသိဘူး..
.
.
.
ရင်ဆိုင်လိုက်တော့မယ်......
.
.
.
.
.

   အိမ်ထိ လိုက်မပို့ခိုင်းတဲ့ ကလေးကြောင့် အိမ်ကို သူလမ်းညွှန်ထားသလို  တဖြည်းဖြည်းလမ်းထဲဝင်လိုက်ပြီး လမ်းအချိုး နားရောက်တော့   တွေ့ပါပြီ အိမ်ရှေ့မှာ ဘူးသီး ပင်ကို စဥ်ထိုး ထားတဲ့အိမ် အဲ့တစ်အိမ်ပဲရှိတယ်.

အဆင်ပြေတဲ့နေရာမှာကားရပ်ပြီး အိမ်ထဲ ဖြည်းဖြည်းချင်း ဝင်လာတော့ အန်တီ ကြီး တစ်ယောက် ထွက်လာတယ်.

"သား  အန်တီတို့ အိမ်လာတာ ကိစ္စများရှိလို့လားကွယ်"

ဒေါ်ရင်ရင်အေး (စစ်ခွန်းသာ အမေ)

(ကားအကောင်းစားကြီး အိမ်ရှေ့မှာ ရပ်တာတွေ့တော့ ကြည့်နေလိုက်တာ လူချောလေး တစ်ယောက် ကားပေါ်က ဆင်းလာတယ် ပြီးတော့ အိမ်ဘက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ခနနေတော့ အိမ်ထဲဝင်လာတယ် ကိုယ်လည်း ထိုင်ရာက ထပြီး အိမ်ရှေ့ထွက် မေးလိုက်တယ်)

ရှိုင်း.... "အန်တီ ဒါကလေ စစ်ခွန်းသာ တို့ အိမ်များလားဗျ"

"ဟုတ်တယ်သားရဲ့ အန်တီကသူ့အမေပါ.ဒါနဲ့သားကဘယ်သူလဲကွယ်"

"သားက. သူ့အလုပ် ကသူငယ်ချင်းပါ သူဒီနေ့အလုပ်မလာလို့ ဘာများဖြစ်လို့လဲ စိတ်ပူလို့လိုက်လာတာ. သူအိမ်မှာရှိလားဗျ"

"ရှိတယ် သားရဲ့ မနက်က မိုးလင်းခါနီးမှ ပြန်လာတယ်. သူ့သူငယ်ချင်း တစ်ယောက် ဆေးရုံစောင့်ပေးရတယ်ဆိုလို့ အခု ပြန်လာတေ့ာ ပင်ပန်းတယ် ဆိုပြီး အိပ်နေတယ်. "

Forever 💚 (unicode and zawgyi) Completed Where stories live. Discover now