၂၄

10.2K 530 13
                                    

Unicode.   ............





စစ်ခွန်း......

ည ၁နာရီ ခွဲ....

လမင်းကြီးကိုကြည့်နေရင်း...
ဒီညကြမှ လမင်းကြီးကပိုလှနေသယောင်....

ကျွန်တော်ဘာလုပ်သင့်လဲ..
ဘာလိုလုပ်ရမလဲ..
ကျွန်တော်ကစိတ်မာတဲ့လူတစ်ယောက်မဟုတ်တာတော့သေချာ​နေပြီ 😴

" ဖေဖေ..."

" ဟင်....

သားသား....ဘာဖြစ်လို့လဲ...
အိပ်မပျော်ဘူးလား..."

" မဟုတ်ပါဘူး.....
သားရေဆာလို့နိုးလာတာ....
အဒါဖေဖေ မအိပ်သေးတာတွေ့လို့.."

ခုတင်ဘေး ရေဘူးထဲက ရေကို ရေခွက်ထဲပြောင်းထည့်ပေးပြီး...

" ရော့.....သား...
သောက်ပြီး ဖေဖေနဲ့ ပြန်အိပ်ရအောင်..."

" ဟုတ်..."

ရေသောက်ပြီး..

" ဖေဖေ..."

" အင်..."

" ဖေဖေလည်း လကြည့်ရတာကြိုက်တာလား..."

" အင်း....
ကြိုက်တယ်လို့လဲ မဟုတ်ပါဘူး.
သားရဲ့....
ဒီလိုပါပဲ.... တစ်ခါတလေကြည့်ဖြစ်တာပေါ့ ...
ဘာလို့လဲ...သားရဲ့..."

"ဖေကြီး နဲ့ ဖေဖေနဲ့တူလို့....."

" 😦😦"

" ဖေကြီးကလည်း အလိုပဲတစ်ခါတလေ
သားတရေးနိုးလို့    ကြည့်လိုက်ရင်
အမြဲ ကောင်းကင်ကြီးကို ကြည့်နေတတ်တယ် ... 😔

တခါတလေဆို ဖေကြီးက ငိုနေသလိုပဲ
အရင်က သားသား မေမေ့အကြောင်းမေးလို့ရှိရင်လည်း သားသားရှေ့သာ ဖေကြီး ကပြုံး နေပေမဲ့ သားသားနောက်ကွယ်ကျ ငိုရော.. ...

အာ့ကြောင့် သားသား မေမေအကြောင်း ဖေဖေကိုဘယ်တော့မှမမေးတော့တာ.....

ဖေကြီးကလေ သားသားရှေ့သာ အမြဲ ပျော်နေပုံပေါ်ပေမဲ့ သားသားနောက်ကွယ်ကျရင် အမြဲမျက်နှာမကောင်းဘူး 😢
တစ်ခါတစ်လေဆို ငိုပါငိုနေတတ်တယ်...

သားက အကုန်သိပါတယ်  မသိချင်ယောင်ဆောင်နေတာပဲရှိတာ......

ဖေကြီးက အရမ်းသနားဖို့ကောင်းပါတယ်ဖေဖေရယ်...
ဖေဖေနဲ့ ဖေကြီးက ဘာတွေဖြစ်ခဲ့မှန်းသားမသိပေမဲ့ ဖေဖေကဖေကြီးကို ခွင့်လွှတ်ပေးလို့မရဘူးလားဟင် 😢
သားသားတို့ မိသားစုတွေ
ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူနေ​ကြရအောင်လေ 😢......."

Forever 💚 (unicode and zawgyi) Completed Where stories live. Discover now