Episode 16 (Final)

Start from the beginning
                                    

"Hyung"

"Jungkookie ဖြေနိုင်လား"

ရွှင်ပြုံးနေသော မျက်နှာဖြင့် ခေါင်းညိတ်ပြနေသော အငယ်ကောင်လေး။ ငုံ့ကျလာသော ခေါင်းလေးကို အလိုက်သိစွာဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။

"ငါတို့ Jungkookie က တော်လိုက်တာ"

ကျွန်တော် ချီးကျူးစကားဆိုတော့ သဘောကျသွားသည့် မျက်နှာလေးက အထင်းသား။
"သွားရအောင်" လို့ဆိုတာနှင့် လက်ကတွဲပြီးသားပင်။

ကော်ဖီဆိုင်မှာ ကြိုတင်စောင့်နေကြပြီဖြစ်သော သူငယ်ချင်းတွေရှိရာ စားပွဲဝိုင်းမှာ ကျွန်တော်တို့နှစ်ယောက် ၀င်ထိုင်လိုက်တော့ လှည့်ကြည့်လာကြသည်မှာ စူးစူးစမ်းစမ်းတွေဖြင့်။ အသံတွေလည်း တိတ်နေကြတာကြောင့် ကိုယ့်ကိုကိုယ်ပင် အမှားလုပ်ထားတဲ့သူလို မလုံမလဲဖြစ်ကာ အနေရခက်လာသည်။ Jungkook က သောက်စရာယူဖို့ ထသွားသည့်အခါ ကျွန်တော် တစ်ယောက်တည်း ကြောင်အမ်းအမ်း။

"ဘာ ဘာလဲ"

"မင်းတို့နှစ်ယောက်!"

"တွဲနေကြတာလား"

မေးခွန်းတစ်ခုကို တစ်ယောက်တစ်၀က်စီခွဲမေးတော့  ကျွန်တော် မျက်နှာပူလာသည်။

"ဟုတ်နေတာပဲ"

"အဲ့..အဲ့တာက..."

လူကို တရားခံစစ်သလို ကြည့်နေကြသော သူငယ်ချင်းတစ်သိုက်ကြောင့် စကားပင် ရှေ့မဆက်နိုင်။ တမင်ဖုံးကွယ်ထားတာ မဟုတ်ပေမဲ့ လူသိရှင်ကြား ၀န်ခံရမည်ကိုလည်း ရှက်လှပါ၏။ ကျွန်တော် နဲ့ Jungkook အမှန်တကယ် ချစ်သူ‌ေတွ ဖြစ်သွားခဲ့ခြင်းအပေါ်  သူတို့ ဘယ်လို‌ေတွများ တုန့်ပြန်လာမလဲဆိုတာကိုတော့ တွေးပူမိခဲ့ဖူး၏။ လုံး၀ သေချာသလို ကောက်ချက်ချလာသည်ကို ဘယ်လိုတုန့်ပြန့်ရမလဲ မသိဖြစ်နေစဉ် ကော်ဖီနှစ်ခွက်နဲ့အတူ Jungkook ပြန်ရောက်လာသည်။

"ဘာဖြစ်လို့လဲ Hyung"

ကျွန်တော် ခေါင်းမဖော်နိုင်အောင် ဖြစ်နေတော့ သူတို့ရဲ့ မေးခွန်းက Jungkook ဆီ ဦးတည်သွားသည်။

"မင်းတို့ တွဲနေကြတာလား Jungkook"

"ဟုတ်တယ်‌လေ။ ဘာလို့လဲ"

Be My Another Half (Please...Hyung!)Where stories live. Discover now