Episode 11

7.3K 1K 22
                                    

Unicode

ကောလိပ်ကျောင်း၀င်းထဲရှိ မိန်းလမ်းမကြီးပေါ်မှာ လှုပ်ရှားသွားလာနေကြသည့် ကျောင်းသားကျောင်းသူများကြား ကျွန်တော့်ခြေလှမ်းတွေ ရွေ့သည်ဆိုရုံ။ ခေါင်းက အောက်ကို ငိုက်စိုက်ကျနေပြီး ခန္ဓာကိုယ်က ခြေလှမ်းရွေ့ရာဘက်သို့ ဘယ်ညာယိမ်း‌နေလျက်။ ‌ခြေလှမ်းတွေက လေးလံလွန်းစွာဖြင့် အများအမြင်မှာ zombie တစ်ကောင်အလား ဖြစ်နေလိမ့်မည်။ ညက ကျွန်တော် တစ်ရေးမှမအိပ်ခဲ့ရ။ အိပ်မရခဲ့တာဆို ပိုမှန်မည်။ အပြင်ကို ခုန်‌ေပါက်ထွက်လာတော့မလို တဒိုင်းဒိုင်းနှင့် ခုန်နေသည့် နှလုံးသားကို တည်ငြိမ်အောင် ကြိုးပမ်းရင်းဖြင့်ပင် တစ်ရေးမှမအိပ်လိုက်ရပါပဲ မိုးလင်းသွားခဲ့၏။ ခဲဆွဲသလို ခြေလှမ်းတွေကို ဆက်မသယ်‌ချင်တော့သည်မို့ မိန်းလမ်းမကြီးရဲ့ ဘေးမှာစီချထားသော ခုံတန်းတစ်ခုဆီအရောက် ထိုင်ချလိုက်တော့သည်။ တစ်ညလေးအိပ်ရေးပျက်ရုံနှင့် ဒီလိုပုံဖြစ်သွားရသည်အထိ ကျွန်တော် ပျော့ညံ့မနေပေမဲ့ မနေ့ညက ကျွန်တော့်အသိစိတ်တစ်ခုလံုးကို စုိးမိုးနေခဲ့သည့်အသံတိတ်တိုက်ပွဲကို ကိုယ်တိုင်ပဲသိသည်။ စိတ်တွေရှုပ်၏။ လက်ထဲက ရေဘူးကို ဘူးတစ်၀က်ကုန်သည်အထိ မနားတမ်း မော့သောက်ပစ်လိုက်သည်။ ရေအေးအေးက တင်းကြပ်ရှုပ်ထွေးနေသော ရင်ဘတ်တစ်ခုလုံးကို အေးမြမှု ပေးနိုင်စွမ်းမရှိ။ အသိဉာဏ်တွေထဲ ပုံရိပ်တွေက ဖြတ်ပြေးလာပြန်သည်။
ရှပ်အင်္ကျီစကို ဖောက်ကာ ၀မ်းဗိုက်သားကို ထိတွေ့လာသည့် ပူနွေးစိုစွတ်မှုတွေနှင့် ညင်ညင်သာသာ ရိုက်ခတ်လာ‌သည့် လေနွေးနွေးတွေ။ ခါး‌ပေါ်က လက်နှစ်ဖက်ကို ပိုတင်းကြပ်‌စေပြီး ကျွန်တော့်ကိုယ်ထဲ နှစ်၀င်မတတ် တိုး၀င်ဖက်တွယ်လာသည့် အငယ်ကောင်လေး။

"ကျွန်တော် အရမ်းပင်ပန်းတာပဲ Hyung"

အသံတိုးလျလျက တုန်ယင်မှုတွေအပြည့်ဖြင့် အကြားအာရုံကို ရိုက်ခတ်သည်။

"အင်း ငါသိတယ်"

ပုံမှန်နှုန်းထက်မြန်ပြီး ခုန်နေသည့် နှလုံးသားကို အရေးတယူမလုပ်နိုင်။ကောင်လေးကို နှစ်သိမ့်ပေးချင်သည့် စိတ်တွေကသာ ဦးနှောက်‌ကို‌ေရာ နှလုံးသားကိုပါ အပြည့်အ၀ အနိုင်ယူသွားသည်။ ရင်ခွင်ထဲရောက်နေသည့် ကောင်လေး၏ ခေါင်းလံုး‌ေလးကို လက်နှစ်ဖက်နှင့်အပြည့်‌ ပြန်လည်ပွေ့ဖက်မိသည်။ ၀မ်းနည်း‌ေနမှာကို သိသော်လည်း ထပ်မငိုစေချင်တော့။ ပေးအပ်ချင်သည်က နွေးထွေးမှု‌ေတွ။ ထိုပုံစံလေးအတိုင်း တိတ်တဆိတ် ငြိမ်သက်နေခဲ့ကြရာကနေ မိနစ်အချို့ကုန်လွန်လာခဲ့သည်။ လက်ကြားထဲက ခေါင်းလေး လှုပ်ရှားလာသည့်အခါ လက်နှစ်ဖက်ကို ဖြေချလိုက်သည်။ ခါးပေါ်ကလက်တွေ လစ်ဟာသွားသည်အခါ ကောင်လေးနှင့် ကွာသွားသည်ဆိုရုံ နောက်ကို ခြေတစ်လှမ်းဆုတ်ဖြစ်သည်။ မျက်နှာပေါ်က မျက်ရည်အကြွင်းအကျန်တွေကို လက်ဖဝါးဖြင့် ပွတ်သုတ်ပြီးမှ ကျွန်တော့်ကို မော့ကြည့်သည်။

Be My Another Half (Please...Hyung!)Dove le storie prendono vita. Scoprilo ora