သူကိုယ်တိုင်ကလည်း social mediaမှာ
အချစ်အကြောင်း စာတွေ
လျှောက်shareနေမိတာရော ...
ပေါင်းဆုံကာ
အထင်တွေလွဲကုန်ကြခြင်းဖြစ်သည်။

သူက LGBTကို ထောက်ခံသည်ဟု
ပြောခဲ့ဖူးတာကြောင့်
ယောကျာ်းလေးတစ်ယောက်နှင့်သတင်းထွက်လာသည်က ပိုမိုယုံချင်စရာ အခြေ အနေဖြစ်သွားတော့သည်။

ဒါကိုလည်း သူSeokjin Hyungကိုရှင်းပြပြီး ဖြစ်သည်။

နောက်ဆုံး လက်နက်ထုတ်သုံးလိုက်တော့မယ်။

**Hyung....ဗိုက်မဆာဘူးလား pizza စားမလား မှာလိုက်မယ်**

**တော်ပါပြီ **

**ကျွန်တော်မှာလိုက်ပြီ Hyungရဲ့**

**အအေး ရော မှာလိုက်ဦး နှစ်ဘူးနော်**

**ဟုတ်ကဲ့ပါဗျာ **

Seokjin တစ်ယောက် pizzaစားရင်းငြိမ်သွားတော့မှ
Namjoon သူ့မန်နေဂျာ အကိုကို ခေါ်ရင်း
သတင်းကို ရှင်းဖို့လုပ်ရသည်။

တိုက်ဆိုင် စွာပင်
သတင်းဌာနတခုကဆက်သွယ်လာတာကြောင့်
သူတို့နှင့်ပဲ phoneနှင့် interviewလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

တစ်နာရီလောက် ကြာတော့
ဖုန်းဝင်လာတာမို့
သူတို့ဘက်ကမေးခွန်းတွေကို
သေချာ ဖြေနေရသည်။

သေချာကို သူနဲ့ Yoongi Hyung
ဘာမှမပက်သက်ကြောင်း ပြောပြပြီးသည်တောင်
လက်မလျှော့နိုင်သေးတဲ့
သတင်းထောက်.... ။

**ဒါနဲ့ Namjoonshi က ဖြေရှင်းပေမဲ့ တေးရေးဆရာ Min ဘက်ကတော့ မငြင်းဘူးနော် **

**သြော် အဲ့ဒါက Yoongi hyung ကအခု မအားလို့ပါ သူအရေးကြီးကိစ္စ လုပ်နေရလို့**

သူဖြေနေရင်း လှမ်းကြည့်မိတော့
တိုင်းရင်းဆေးကြိုတဲ့အိုးနှင့် အလုပ်ရှုပ်နေသော
Yoongi ကိုတွေ့ရသည်။

ဟုတ်တယ် Hyungကတစ်ကယ်မအားတာ

ဆေးကြိုတဲ့မီးဖိုကို ယပ်တောင်နဲ့ တဖြတ်ဖြတ်ခပ်လိုက် လေနဲ့မှုတ်လိုက်နဲ့ ကြိုးစားပမ်းစား Jiminအတွက် ဆေးဖော်နေလေရဲ့ ။

**ဟုတ်ကဲ့ ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော့်မှာ သဘောကျရတဲ့သူရှိတာကြောင့် ဒီလိုမဟုတ်တဲ့ သတင်းတွေနဲ့ သူ့ကိုအထင်မလွဲစေချင်ပါဘူး **

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now