2

2.4K 241 1
                                    

Zawgyi

တီ တီ တီ

တတီတီနှင့်မြည်နေသောနှိုးစက်ကိုယောင်းအာမျက်လုံးတွေမဖွင့်သေးပဲလက်နှင့်လိုက်ဆန်းရင်းပိတ်လိုက်သည်။ပြီးတော့မထသေးပဲအိပ်ရာပေါ်မှာခနမှေးနေလိုက်သည်။အားးး အိပ်ချင်သေးတယ်။ကုတင်ပေါ်မှာစောင်ကိုအတင်းခြုံပြီးကွေးနေလိုက်သေးသည်။

ငါးမိနစ်လောက်မှေးပြီးတော့မှနာရီကြည့်မိတော့ခုနစ်နာရီငါးမိနစ်။ဟူးးး ထရတော့မယ်။ဒီနေ့မီဆိုကိုဆေးရုံစောင့်ပေးဖို့ထယ်ဟျောင်းကအကူအညီတောင်းထားသည်။သူကကုမ္ပဏီကိုသွားရမှာမို့ဆိုပြီးအကူအညီတောင်းသွားခြင်းပင်။ဆုမီကလည်းသူ့ချစ်သူနှင့်သွားတွေ့မှာမို့မအားဘူးဆိုဘူးကိုယ့်ကိုသာသွားစောင့်ခိုင်းသည်။

ကုတင်ပေါ်ကနေမဆင်းချင်ဆင်းချင်နှင့်ဆင်းပြီးလေးတွဲနေတဲ့ခြေထောက်တွေကိုရေချိုးခန်းထဲအထိအတင်းဆွဲခေါ်သွားရသည်ွှာလွယ်တဲ့အလုပ်တော့မဟုတ်။ရေချိုးခန်းထဲရောက်တော့သွားတိုက်မျက်နှာသစ်ရေချိုးလိုက်သည်။ထိုအခါမှသာလူနည်းနည်းလန်းသွားတော့သည်။

အင်္ကျီဝတ်ဖို့ဗီဒိုကိုဆွဲဖွင့်လိုက်ပြီးထွေထွေထူးထူးရွေးမနေဘဲတီရှပ်အဖြူတစ်ထည်နှင့်ဂျင်းပြဲအရှည်တစ်ထည်ကိုသာယူပြီးကောက်စွပ်လိုက်သည်။

မျက်နှာကိုလည်းဒီအတိုင်းလိုးရှင်းလောက်သာလိမ်းလိုက်သည်။ဆံပင်ကတော့ခပ်မြင့်မြင့်လေးပတ်ထုံးလိုက်သည်။အွန်း ရပြီ။ကိုယ်ကလက်ဝှေ့သမားဆိုပြီမဲ့ကိုယ်လုံးကြီးကအရမ်းကြီးထွားကြိုင်းနေတာမျိုးတော့မဟုတ်ပါဘူး။အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းမျိုးပေါ့။ကိုယ့်အရပ်နှင့်ကိုယ်လုံးကတော့ကွတ်တိပဲ။

ပိုက်ဆံအိတ်နှင့်ဖုန်းကိုကောက်ယူပြီးဆေးရုံသို့ထွက်လာလိုက်သည်။ဆေးရုံရောက်ရင်ထပ်တွေ့ရအုန်းမလားမသိ။မျက်နှာတွေလည်းပူတယ်။တွေ့ရင်တော့တစ်ကယ်အသေအချာတောင်းပန်ရမယ်။

ကိုယ့်အတေွးနဲ့ကိုယ်ဆေးရုံကိုသွားလိုက်သည်။ဆေးရုံရောက်တော့ရှစ်နာရီခွဲ။မီဆိုကတော့ဆေးရုံကတင်ပေါ်မှာဖုန်းထိုင်သုံးနေသည်။ဒါလားနေမကောင်းတဲ့သူ။ခြေထောက်တစ်ချောင်းနံရိုးအက်လို့ကျောက်ပတ်တီးစီးထားရတာကလွဲရင်ကျန်တာအကုန်လုံးအကောင်းတိုင်းကြီးကိုကင်ထယ်ဟျောင်းတို့အသည်းအသန်ဖြစ်နေတာ။ကိုယ်လည်းဆေးရုံဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။

αρρℓє σf му єуєजहाँ कहानियाँ रहती हैं। अभी खोजें