""အာ့"''

လက်ညှိုးနှင့်လက်မရှသွားသည် တစ်မနက်ထဲနဲ့ဒဏ်ရာနှစ်ခု မျက်ဝန်လေးတွေကစိုတိုတို ဖြစ်လာပြီ သေးငယ်တဲ့ဒဏ်ရာလေးတွေပဲကို ငါဘယ်လိုဖြစ်နေတာလဲ မငိုနဲ့ ဆူဇီ နင်ကအားနည်းပြီးကြောက်တတ်တဲ့မိန်းကလေးမဟုတ်ဘူး မငိုနဲ့

"ဟဲ့ နင်မပြီးသေးဘူးလား ဘာလဲ လက်ရှသွားတာလား တစ်ခုပဲခိုင်းပါတယ် အဖြစ်မရှိလိုက်တာ နင့်ကိုသခင်လေးခေါ်နေတယ် မြန်မြန်လာခဲ့"

"ဟုတ်"

ဘေးနားကဘေစင်မှာလက်ကိုအမြန်ဆေးပြီး ထမင်းစားခန်းထဲကိုအမြန်ပြေးဝင်သွားလိုက်သည်

"ဆူဇီရောက်ပါပြီ"

"ရော့ ဒီမှာ မင်းအတွက်မနက်စာ"

သူကကော်ဖီခွက်ကိုဆူဇီ့လက်ထဲကမ်းမပေးပဲ ကြမ်းပြင်ပေါ်ကိုလွှတ်ချလိုက်တာကြောင့် ကော်ဖီခွက်ကလေးကအစိတ်စိတ်အမြွာမြွာ ကွဲကြေသွားသည် ကော်ဖီတွေကလဲ ကြမ်းပြင်ပေါ်ကိုပြန့်ကျဲလို့ မုန့်ပန်းကန်ထဲက မုန့်အချို့ကိုလဲ ကြမ်းပြင်ပေါ်ကိုပစ်ချသည်

"ဘယ်အစေခံတွေက သခင်နဲ့အတူတူစားရလို့လဲ အစေခံဆိုတာဒီလိုမြင့်မြတ်တဲ့စားပွဲတွေပေါ်မှာလဲစားဖို့မတန်ဘူး အဲ့တော့ မင်း မနက်စာပဲစားစား ညစာပဲစားစား ကြမ်းပြင်ပေါ်မှာပဲထိုင်စား ဘယ်စားပွဲပေါ်မှမတင်စားနဲ့ မင်းအခန်းထဲသွားစားရင်လဲစားပေါ့"

"အဲ့လိုဆိုလဲ ဆူဇီ့လက်ထဲကိုထည့်ပေးပေါ့ ဆူဇီ့နောက်ဖေးမှာသွားစားမှာပေါ့ ဘာလို့ကြမ်းပြင်ပေါ်ပစ်ချပစ်တာလဲ"

"ငါကအစေခံလက်ထဲကိုမနက်စာကိုတကူးတကထည့်ပေးရမှာလား နောက်နေ့ဒီလိုမဖြစ်ချင်ရင် အစောကြီးကတည်းက ကိုယ့်အတွက်ကိုယူထားလိုက် ဒီနေ့တော့မင်းဝေစုကမှောက်သွားပြီမို့ မနက်စာမစားနဲ့တော့"

"မှောက်ချတာက ဆူဇီမှမဟုတ်တာ ဆူဇီကဘာလို့အငတ်နေရမှာလဲ"

"ဘာ မင်းငါ့ကိုပြန်ပြောနေတာလား"

"ပြန်ပြောတာမဟုတ်ပါဘူး မဖြစ်သင့်ဘူးထင်လို့ပါ ဒါဆိုဆူဇီကနောက်နေ့တွေမှာ မနက်စာကို ရှင့်ထက်ဦးဦးဖျားဖျားစားထားရမယ်ပေါ့ အစေခံတစ်ယောက်ကသခင်ထက်ဦးဦးဖျားဖျားစားထားရင်ရော အပြစ်မဖြစ်တာသေချာရဲ့လား"

I'm your Master(You're Mine)Where stories live. Discover now