1

11.3K 409 23
                                    

Zawgyi

အခန်းကျဉ်းလေးတစ်ခုဝယ် အဝါရောင်မီးဖျော့ဖျော့သာထွန်းထားသည်။ကြိုးဝိုင်းဘေးပတ်လည်မှာလည်းလူအများရဲ့အားပေးသံတွေကဆူညံလျက်။

လက်ဝှေ့ပွဲနောက်ဆုံးဗိုလ်လုပွဲအတွက်ကြိုးဝိုင်းထဲတွင်ယှဉ်ပြိုင်သူမိန်းကလေးနှစ်ယောက်သည်အပြင်းအထန်ပြိုင်ဆိုင်နေကြသည်။ကြိုးစားပန်းစားယှဉ်ပြိုင်နေသည်ကိုရွှဲနစ်နေတဲ့ချွေးတွေကသက်သေပြလို့နေသည်။

ပြွဲကည့်ပရိတ်သတ်တွေကလည်းကြိုးဝိုင်းအောက်တွင်မိမိတို့အားပေးသူကိုအားရပါးရအားပေးနေကြသည်။

တစ်ဖက်လူကလည်းခေသူမဟုတ်။မိမိလိုပဲပွဲတိုင်းအောင်လာပြီးအခုကိုယ်နှင့်ဗိုလ်လုပွဲမှာထိပ်တိုက်တွေ့ကြတာမှတ်လား။
ကိုယ့်မျက်နှာမှာလည်းသူ့ထိုးထားတဲ့အညိုအမဲအနည်းငယ်ရှိနေပြီးသူ့မျက်နှာမှာလည်းအညိုအမဲတွေနှင့်။

နောက်ဆုံးလက်သီးနှင့်ဗိုက်ကိုတစ်ချက်ထိုးပြီးခြေထောက်နှင့်တစ်ချက်ကန်လိုက်သည်နှင့်တစ်ဖက်သူမှာကျမ်းပြင်​ပေါ်မှာလဲသွားတော့သည်။ဒိုင်လူကြီးရဲ့ဝီစီမှုတ်သံနှင့်တစ်ဖက်ကပျော်ရွင်သွားတဲ့ပရိတ်သတ်တွေ။ကျန်တစ်ဖက်အသင်းကအားပေးသူတွေကတော့စိတ်ရှုပ်သွားပုံရသည်။

ဒိုင်လူကြီးမှကြိုးဝိုင်းထဲဝင်လာပြီးကိုယ့်လက်ဖက်ကိုယ်မြောက်ပြသည်။

"အောင်နိုင်သူက ကင်ယောင်းအာဖြစ်ပါတယ်"

"Yayyy!"

ကိုယ့်မျက်နှာကအညိုအမဲကွတ်တွေနည်းနည်းရှိနေပင်မဲ့အောင်နိုင်သူအပြုံးတွေနဲ့ဝေဆာနေသည်။တစ်ဖက်အသင်းကလဲကျနေသူကိုလည်းကိုယ်ဆွဲထူလိုက်သည်။

"ပင်ပန်းသွားပြီ"

"ဂုဏ်ယူပါတယ်"

"ကျေးဇူးပါ"

"ကင်ယောင်းအာ!ကင်ယောင်းအာ!ကင်ယောင်းအာ"

ပွဲအောက်မှာကိုယ့်နာမည်ကိုအော်ခေါ်ပြီးအားပေးနေကြသည်။ကိုယ့်သူငယ်ချင်းအုပ်စုကတော့အဆိုးဆုံးပင်။ကိုယ့်အစ်ကိုတွေလည်းပါသည်။အာပြဲလန်အောင်ကိုယ့်နာမည်ကိုခေါ်နေကြသည်ကိုကိုယ်တစ်ချက်ပြုံးမိသည်။

αρρℓє σf му єуєTempat cerita menjadi hidup. Temukan sekarang