ပြင်ဆင်ပေးရမည့်
သီချင်းစာသားကိုအာရုံစိုက်ရမည်ဆိုသော်လည်း
သူ့ဘာသာတီးလိုက်ဆိုလိုက်နှင့်
ပျော်နေပုံရတဲ့ ကောင်လေးဆီအကြည့်က
ခဏခဏ ရောက်သွားမိသည်။

ပျော်နေတာပဲ...
ဒီလိုမှန်းသိရင်တော့ ခဏခဏ ခေါ်လာပါတယ်
ပျင်းနေမယ်ထင်လို့ မခေါ်လာမိတာ
နောင်တရသည်။

အလုပ်လုပ်နေရင်း
အားအင်တွေပြန်ဖြည့်စေတဲ့
ဗီတာမင် အပြုံးလေးတွေ မြင်နေရတာ
ဘယ်လောက်ကောင်းလဲ.....

သီချင်း စာသားဆိုလည်း ခဏလေးနှင့်
ခေါင်းထဲကထွက်လာသည်။

သူတီးနေလျှင်
အပြုံးလေးနှင့် နားထောင်တတ်သည့် Jiminက
တခါမှ သင်ပေးဖို့မပြောခဲ့တာကြောင့်
Yoongi မသင်ပေးခဲ့မိ....
ခုတော့ သင်ပေးဖို့ကြိုးစားရတော့မည်
ဒီ Park Jiminရဲ့
တတောင်တောင်ကို ဆက်နားမထောင်နိုင်တော့ဘူး..

အနားသွားထိုင်ရင်း
ဒီဟာက ဘယ်လိုသံစဥ်.. ဘာကိုတီးပါ ပြောပြနေသောအခါ ကလေးစုတ်လေးက
ပြုံး ပြီးသိသလို နားထောင်သည်။
ပြီးလျှငိ တော့ သူတီးချင်သလိုသာ တီး ချလိုက်ပြန်ရော... ။

ဒီလိုနဲ့ နှစ်ယောက်သား ရန်ဖြစ်နေတုန်း
အခန်းတံခါးကို တစ်ယောက်ယောက်ကခေါက်ရင်း
ဝင်လာသည်။

Yoongiနဲ့အတော်ရင်းနှီးတဲ့ အမတစ်ယောက်ဖြစ်သည်။
သူလည်းcompanyက artistတွေကိုသီချင်းရေးပေးတတ်သည်။

**သြော် အမ လာလေ ထိုင် **

**အင်း Yoongi ခဏနှုတ်ဆက်ရအောင်ဝင်ခဲ့တာ**

**သီချင်း လာပေးလား**

**အင်း ဟုတ်တယ် ဒါနဲ့ သူလေးက... **

သူ့ကိုစူးစမ်းသလို ကြည့်နေတဲ့ Jiminကို
ကြည့်နေရင်း ဆိုလာတော့
Yoongi ပြုံးရင်းအမြန်ခေါင်းညိတ်ပြလိုက်တာမို့
ဆက်ပြီး မပြောတော့ပဲ ပြုံးရင်း
Jiminကိုကြည့်နေတော့သည်။

**Jimine. သူက ငါ့ရဲ့ senior အမ **

**ဟုတ်ကဲ့ အမ တွေ့ရတာဝမ်းသာပါတယ် Jiminပါ Yoongiရဲ့... **

**အင်းအင်း အမသိပါတယ် တွေ့ရတာဝမ်းသာတယ်နော် လမ်းမှာတွေ့ရင်လည်းခေါ်နော် **

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now