ကျွန်တော်ချစ်သောကိုကို (Extra End)

Start from the beginning
                                    

ရိပေါ်တို့ ဂျပန်မှာ တစ်ပတ်ပဲနေပြီး china ကိုပြန်လာကြသည် အကြာကြီးနေချင်ပေမယ့် အလုပ်ကိစ္စပေါ်လာတော့ ပြန်သွားရတော့သည် အခုလည်း ရိပေါ်တို့ project တစ်ခုအတွက် meeting လုပ်နေကြတာ မကြာခင် ဆောင်းရောက်တော့မှာဆိုတော့ ဆောင်းရာသီအတွက် fashion အသစ်တွေ စဉ်းစားရင်း winter project အတွက် merting ထိုင်နေကြခြင်း
"Ring..... Ring"
မြည်လာတဲ့ ph ringtoneကြောင့် အာရုံနေက ရိပေါ်စီ
ဖုန်းကိုကြည့်လိုက်တော့ အိမ်ကဆက်တာမို့ ကြည့်နေတဲ့မျက်လုံးတွေ ကြားကပဲ ရိပေါ် ဖုန်းကိုင်လိုက်သည်
"ဟဲလို daddy ပါးပါးမူးလဲလို့ အဲ့တာ ဆေးရုံပေါ်ရောက်နေတယ် daddy မြန်မြန်လာခဲ့ပါ"
"အင်း အင်း ရီကျန့် daddy လာခဲ့မယ်"
ရိပေါ် ဖုန်းချလိုက်ရင်း အစည်းအဝေးခန်းထဲကနေ အမြန်ထွက်လာခဲ့သည် အစည်းဝေး ဘာညာ အရေးမကြီး ကလေးကပဲ အရေးကြီးတယ် အစည်းအဝေးကို လုဟန်ကော ဆက်လုပ်လိမ့်မယ်
"ဆေးရုံ reception ကနေ ငယ့်အခန်းနံပါတ်ကို မေးပြီး VIP room ရှိရာစီ အမြန်သွားလိုက်သည်
ဟိုရောက်တော့ ကလေးတွေနဲ့အတူ ကျိုးချန်ကိုပါ တွေ့လိုက်ရသည်
"ရိပေါ်လာပြီလား..... "
"အင်း ကျိုးချန် ငယ်က ဘယ်လိုဖြစ်တာလဲ "
"အားနည်းတာတဲ့ ....... မင်းလာပြီဆိုတော့ ငါလည်း သွားတော့မယ် တော်သေးတာပေါ့ မူးလဲတာ ငါရှိတဲ့အချိန်မို့ "
"အင်းပါ ကျေးဇူးပဲ "
"ရပါတယ် ကလေးတွေကို ငါခေါ်သွားလိုက်မယ် သတိကပြန်မရသေးဘူး ဂရုစိုက်လိုက်ဦး"
"အင်းပါ ကျေးဇူးပဲနော်"
"ကျွန်တော် သွားပြီ ကောလည်း အိမ်ပြန်ရောက်နေလောက်ပြီ (ဘယ်သူလဲ သိတယ်မလား)"

ကျိုးချန်ထွက်သွားတော့ ရိပေါ် ဆရာဝန်ဆီ ထွက်လာခဲ့သည်
"ဆရာ ငယ်ကဘာဖြစ်တာလဲ "
"အစ်ကိုလေးက အားနည်းတာပါ ရာသီဥတု အပြောင်းအလဲရော အားနည်းနေတာအပြင် ကိုယ်ဝန်ပါရှိနေတော့ ပိုဆိုးသွားတာပါ"
"ကိုယ်ဝန်..... ကိုယ်ဝန်လို့ပြောလိုက်တာလား "
"ဟုတ်ပါတယ် ကိုယ်ဝန် လေးပတ်ရှိနေပါပြီ"
လေးပတ်တဲ့လား အဲ့တာဆို morning sickness ပါ ရနေလောက်ပြီ project အတွက်နဲ့ ကလေးကို ပစ်ထားသလိုများ ဖြစ်နေပြီလား
ရိပေါ် အခန်းဆီ ပြန်ရောက်တော့ ကလေးက နိုးနေပြီ
"ငယ် ဘာလို့ထနေတာလဲကွာ ခေါင်းမူးနေပါဦးမယ်
ငယ်. . ဘာလို့ငိုနေတာလဲကွာ ကိုကို့ကိုပြော ဘာလို့ငိုနေတာလဲ"
"အဟင့် ဟင့် ငယ်.. ငယ်နိုးတော့ ငယ့်အနားမှာ ဘယ်သူမှမရှိတာ အားငယ်တာပေါ့ "
"Sorry ပါငယ်ရာ ကိုကိုက ဆရာဝန်နဲ့ သွားတွေ့နေလို့ပါ တိတ်တိတ် ကိုကို တောင်းပန်တယ်နော် မငိုနဲ့တော့ ပြီးတော့လေ ကိုကို့မှာ သတင်းကောင်းရှိတယ်"
,"ဘာ သတင်းကောင်းလဲ😳"
"ဟာဒီက ငယ့်ရဲ့ ဗိုက်ထဲမှာလေ နောက်ထပ် ကလေးလေး ရှိနေပြီတဲ့ "
"က... ကလေး😳 ကိုကို အတည်ပြောတာလား"
"အတည်ပေါ့ငယ်ရဲ့ ကိုကိုက ငယ့်ကို ဘယ်တုံးက လိမ်လို့လဲ"
................. .................... ........................"အဟင့်...... ကိုကို.. နာတယ်..... ကိုကို အ.... "
ဘေးနားက အသံလေးကြောင့် ရိပေါ်လည်း နိုးလာရသည်
"ငယ် .. ငယ်ဘာဖြစ်တာလဲ ကိုကို့ကိုပြော"
"အဟင့်... ဗိုက်.... ဗိုက်နာတယ်"
"ခဏ ငယ် ခဏ ကိုကို ကောကို ကားထုတ်ခိုင်းလိုက်မယ် ခဏလေး တောင့်ခံထားနော်ငယ်"
"မြန်မြန်လုပ်နော်ကိုကို နာတယ် အ...... မြန်မြန်လုပ်ပါ"
ရိပေါ် အောက်ထပ်ကို ဆင်းကာ Hai Kuan Geကို ကားထုတ်ခိုင်းရသည် ပါးတို့လည်း ရိပေါ်အသံကြောင့် နိုးလာတော့တယ် ကားထုတ်ခိုင်းပြီး အခန်းထပြန်ကာ ငယ့်ကို ပွေ့ချီပြီး ကောနဲ့ ဆေးရုံကို အမြန်သွားရတော့တယ် မားမားကတော့ သားတို့ မနိုးသေးလို့ နေခဲ့မယ်တဲ့
မနက် လင်းခါစမို့ ကားလမ်းရှင်းတာမို့သာ တော်တော့တယ်
ဆေးရုံရောက်တာနဲ့ ကလေးကို OT ထဲ တန်းခေါ်သွားကြသည် ရိပေါ်မှာတော့ အပြင်ကနေ အတင်ပြေကြပါစေ လို့သာ ဆုတောင်းနေရတော့သည်
တစ်နာရီခွဲလောက်ကြာတော့ ဆရာမတစ်ယောက်က ကလေးကို ပိုက်ကာ ခွဲခန်းထဲက ထွက်လာသည်
"လူနာ ရှောင်းကျန့် မွေးပါပြီ ယောက်ျားလေးပါ အခု ပြန်ချုပ်နေတာမို့ လူနာက ခဏနေမှ အခန်းထဲ ရွှေ့လို့ရမှာပါ"
ရိပေါ် သားလေးကို ထွေးပွေ့ထားရင်း မျက်နှာတွင်လည်း အပြုံးများ ဝေနေတော့သည် သားလေးက် သူ့ပါးပါးလိုပဲ မျက်နျာ ချိုချိုလေး ချစ်ဖို့ ကောင်းလွန်းတဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့
ခဏနေတော့ ငယ့်ကို VIP ခန်းထဲ ရွှေ့ပေးကြတယ် ငယ်က  မေ့ဆေးအရှိန်နဲ့မို့ အိပ်ပျော်နေဆဲ ကလေးကို ငယ့်ဘေးလေါးသာချပေးထားကာ သူကတော့ သားအဖနှစ်ယောက်ကိုသာ ကြည့်နေမိသည်
"သား ရိပေါ် .... "
"မား.. ရှူး တိုးတိုး ကလေးအိပ်နေတယ်"
"အင်းပါ မားမြေးလေးကို ပြပါဦး"
"ဒီမှာမား လာကြည့်လိုက် ဒါနဲ့ သားတို့ရော ပါမလာဘူးလား"
"ပါတယ် သူတို့အဘိုးနဲ့ လိုက်လာတယ်"
"ကလေးလေးက ချစ်စရာလေး"

ကျွန်တော်ချစ်သောကိုကို(completed)On viuen les histories. Descobreix ara