{13} Knock...Knock

Start from the beginning
                                    

ဟုတ်တယ် Chaeng ကိုယ့်စိတ်ကို
အကြိမ်ကြိမ်ဆန်းစစ်ပြီးပြီ...

Jisoo unnie ကို Chaeng သဘောကျတယ်

သူငယ်ချင်းလိုရော ; အစ်မတစ်ယောက်လိုရော
ချစ်သူတစ်ယောက်လိုရော....

JiSoo unnie က အရမ်းကို ကြင်နာတတ်တယ်
နွေးထွေးတဲ့ နှလုံးသားရော ....
လှပတဲ့အပြုံးလေးတွေရော....
သူ့ရဲ့ဂရုစိုက္မှု‌ေတွနဲ့ အရာရာတိုင်းက
Chaeng ရဲ့နှလုံးသားကို အရည်ပျော်သွားစေတာ....

သူ့သူငယ်ချင်း Lisa ဆိုတဲ့တစ်ယောက်ကလဲ
Chaeng အပေါ်မရိုးသားနေတာကို သတိထားမိနေတာကြာပြီ။

သူက Jisoo unnie ထက် မိမိအပေါ် ပိုဂရုစိုက်ပေးပေမဲ့
Chaeng ရဲ့အချစ်တွေကတော့ Jisoo unnie အပေါ်ကိုသာ
ယိုင်နေခဲ့သည်။

အဲ့ဒါကြောင့်မို့လို့ ဒီရက်ပိုင်း Lisa နဲ့ ဘယ်မှမသွားဖြစ်ခဲ့။

ကိုယ့်အပေါ် မရိုးသားတဲ့ သူနဲ့ အပြင်မသွားချင်တာရယ်
သူ့ကိုမျှော်လင့်ချက်ပေးသလိုဖြစ်မှာ စိုးတာရယ်ကြောင့်
Thai စာ သင်ပေးချိန်ကလွဲပြီး
အတတ်နိုင်ဆုံးရှောင်နေလိုက်သည်။

Jisoo unnie ပါမယ်ဆိုရင်တော့ ဘယ်သွားသွား
ချက်ချင်းလိုက်သွားဖို့ဝန်မလေးခဲ့....

Chaeng စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်ပြီး သိနှင့်နေတာလိုလို
ဖြစ်နေတာတစ်ခုရှိသည်။

Jisoo unnie ဘက်က မိမိအပေါ်ရိုးသားသည်။
သူ့Style အတိုင်း သူနဲ့ရင်းနှီးတဲ့လူမှန်သမျှကို
ဂရုစိုက်တတ်ပေမဲ့ ထိုဂရုစိုက္မှုတွေနဲ့ အကြည့်တွေက
တစ်စုံတစ်ယောက်အပေါ်မှာတော့
သိသိသာသာပိုနေခဲ့သည်။

အဲ့ဒီတစ်ယောက်က ??......

.
.
.
.
.
.
"Unnie...အခုမှပြန်လာတာလား
ph ခေါ်နေတာကိုမကိုင်ဘူး"

ဝရံတာက လက်ရန်းလေးကိုကိုင်ရင်း
တဖြေးဖြေး လျှောက်လာတဲ့ JiSoo unnie ကို
တွေ့လိုက်တာကြောင့် အတွေးစတို့ လွင့်ပြယ်သွားပြီး
မနေနိုင်မထိုင်နိုင် လှမ်းအော်မိလိုက်သည်။

"Aww...ph ခေါ်ထားတာလား ...ဘာအသံမှမကြားပါဘူး"

Jisoo ဘောင်ဘီအိတ်နဲ့ လွယ်အိတ်သေးသေးလေးထဲကို
စမ်းကြည့်လိုက်သည်။

GASHINA (Completed )Where stories live. Discover now