"ရတယ် မစားတော့ဘူး "

"ကျွေးတဲ့သူစိတ်မကောင်းဖြစ်အောင် မလုပ်ရဘူးလေ။ နဲနဲဖြစ်ဖြစ်စားလိုက်ပါ ဒါမှမဟုတ် ဘာကူညီပေးရမလဲ ကျွန်မ ဒီဘူတာကပါ "

"ကျွန်တော် လူစောင့်နေတာ... သူထွက်သွားတယ်။ ရထားနဲ့လို့ပြောတာပဲ... အခုထိရောက်မလာသေးဘူး"

တွေတွေဝေဝေ ရေရွတ်ပါလျှင် သူမကစိတ်မကောင်းဟန်ဖြင့် သူ့ဘေးတွင် ဝင်ထိုင်ကာ ချိုင့်ကိုဖွင့်ပေးလိုက်၏။

"သူဘယ်ကိုသွားမယ်ဆိုတာ မသိဘူးလား"

"သိတယ်...အဲ့ဒီက်ို ကျွန်တော်သွားလို့မရဘူး"

ရဲသင်တန်းဟုပြောသည်။ ကိုယ်က ရာဇဝတ်မူကင်းသည့်လူမဟုတ်။လောလော လတ်လတ် လူသတ်ထားတာတောင်
ပူပူနွေးနွေးရှိသေးသည်။ ဒုစရိုက် လောကတွင် မိုးဇေဟူသည့် နာမည်က ပျံ့ပျံ့လွှင့်လွှင့် ။ထို့အတူ ရဲတွေပါးစပ်ဖျားမှာတောင်
သူ့နာမည်က ရေပမ်းစားနေလောက်သည်။ နယ်မတူဘူး ဆိုသည့်တိုင် ကလေးကိုသူ့ကြောင့် ဝိုင်းလက်ညိုးထိုးကြမှာ
မလိုချင်ပေ။

"ဒါဆိုဒီကပဲ ထိုင်စောင့်နေတော့မှာလား.....ဒါမှမဟုတ် ကျွန်မ ဟိုဘက်ကိုသတင်းမေးပေးရမလား"

"ကျေးဇူးတင်ပါတယ်။မင်းကသဘောကောင်းတဲ့ မိန်းကလေးပဲ"

"ဟုတ်တယ် ကျွန်မက ပရိဟိတသမားလေ"

မိုးဇေက ရင်းနှီးရလွယ်ကူသော ထိုမိန်းကလေးကြောင့် ခပ်လွင့်လွင့်လေး ပြုံး၏။ ဒီကိုရောက်ပြီး သုံးလေးရက်အတွင်း
ပထမဆုံးအကြိမ် စကားပြောခြင်း၊အစားစားခြင်း၊ ပြုံးခြင်းကို သူစတင်မိလေပြီ။ ချိုင့်ထဲပါလာသော ထမင်းဟင်းတွေဟာ
လည်း သူတောင်မသိလိုက်ခင်မှာပဲ တစ်ဝက်ကျိုးအောင် စားမိနေခဲ့ပေပြီ။

"ထမင်းစားပြီးရင် ဒီမှာ ဘင်္ဘောသီးထည့်လာသေးတယ် စားနော်..."

"အင်...မင်းက ဟင်းချက်ကောင်းသလို လူလည်းလှတယ်"

"ကျွန်မလှတာ သိပါတယ်ရှင့် "

ဝတ္တရားအရ ပြောလိုက်ပါလျှင် သူမကလည်း ဝတ္တရား အရ ဝင့်ဝင့်ကြွားကြွားလေး ရယ်၏။ဒါကို မိုးဇေကလည်း
အတူလိုက်ရယ်မိလိုက်သည်။ ထိုစဉ်...

Black Memory(U+Z)(Completed )Where stories live. Discover now