ကြာတော့ လူလည်း တဖြည်းဖြည်း နှင့် မောဟိုက်လာသောကြောင့်
ဝရန်တာ လက်ရန်းကို ကိုင်ကာ အမော​ဖြေနေမိသည်

ထိုချိန်မှာပင်

"Jake ! (ချိူသာသော အသံဖြင့်)

မထင်မှတ်ထားသည့် အသံကို ကြားလိုက်ရသဖြင့် jake တစ်ယောက် မျက်လုံးများပင် ပြူးကျယ်သွားရသည်

"Mom လား? "

"Jake ! ကစားပွဲလေး တစ်ခုလောက်ကစားရအောင်နော် (ချိူသာသော အသံဖြင့်) "

"ဘာ ကစားပွဲလဲ mom?
အမ် မဟုတ်သေးဘူး ! အခုပြောနေတာ ဘယ်သူလဲ?
ကျတော့်အမေက သေသွားပြီ ခင်ဗျားက ကျတော့်အမေမဖြစ်နိုင်ဘူး "

"အို သားလေးရယ် :"( (ဝမ်းနည်းသည့်လေသံဖြင့်)
သား မှတ်မိသေးလားတော့မသိဘူး
သား ငယ်ငယ်တုန်းက ကျောင်းက ပြန်လာပြီဆိုတာနဲ့ အမြဲတမ်း အမေ့ကို caramel pudding ဖုတ်ခိုင်းတာလေ
မိုးရွာတဲ့ နေ့တွေဆိုရင်လည်း မိုးခြိမ်းသံတွေကြောင့် သား အိမ်ကို မပြန်ရဲတော့လို့ အမေဘဲ ကျောင်းလာလာကြိုရတာလေ
Jake! သားအခု ရောက်နေတဲ့နေရာကို ကြည့်ပါဦး
ဒီနေရာက ဝိညာဉ် တွေ နေတဲ့ နေရာဆိုတာကို မေ့နေတာလား
သားရယ် ! အမေက သားအတွက် ပြန်လာခဲ့တာကို :"( (ဝမ်းနည်းသည့်လေသံဖြင့်) "

Jake လည်း တဖြည်းဖြည်း မျက်ရည်ဝဲလာပြီး

"တကယ်ပဲ mom လား? (ငိုကြွေးနေသည့်လေသံဖြင့်)
အဲ့တာဆို...........အဲ့တာဆို အခု mom ကဘယ်မှာလဲ
ဘာလို့ ကျတော်မမြင်ရတာလဲ "

"Jake! အမေ ခုနက ပြောခဲ့သလိုပဲ သားအကြိုက်ဆုံး game
လေး တစ်ခု ကစားကြမယ်လေ
ကစားနည်းကတော့ လွယ်ပါတယ် ဒီအိမ်ကြီးရဲ့ တစ်နေရာမှာ အမေပုန်းနေတယ် အမေ့ကို တွေ့အောင် လိုက်ရှာပါ "

"Hkhk mom မေ့နေပြီလား ? အဲ့ကစားနည်း ဆော့တိုင်း mom ပဲ အမြဲ ရှုံးနေတာကို! ဒီတစ်ခါလည်း ကျတော် mom ကို သေချာပေါက် ရှာတွေ့နိုင်မှာပါ "

-----------------------

သွားရသည့် အပေါက်က ကျဥ်းသည်မို့ leon တစ်ယောက်
လေးဖက်ထောက်ကာ တွားသွားနေရသည်

သွားနေရသည်မှာ သူ့အထင် အတန်ငယ်ကြာပြီ ဖြစ်သော်လည်း
အခုထိ အလင်းရောင်ကို မမြင်ရသေးပေ
Piano သံကလည်း ကြားရတစ်ချက် မကြားရတစ်ချက်နှင့်မို့ ဒီထဲ ဝင်လာခဲ့တာမှားပြီ လို့တောင် ထင်လာမိသည်

Drifting Into Silent Darkness S.1 (Completed)Opowieści tętniące życiem. Odkryj je teraz