ချစ်ခြင်းကသာစစ်မှန်နေပါစေ။

မှုန်ဝါးနေတဲ့ မျှော်လင့်ချက်တွေဟာ အခုတော့လည်းအရာထင်လာပါတယ် ။

အချိန်အတော််ကြာပြီဖြစ်တဲ့ တစ်ဖတ်သတ်ချစ်ခြင်းတွေက မနေ့ကပဲ အသိအမှတ်ပြုခံခဲ့ရတယ်။

ကိုယ်ပိုင် ကမ္ဘာလေးထဲကနေဘဲ ကလေးငယ်ကို ငေးကြည့်ရင်း အချစ့်ပိုခဲ့ရတဲ့နေ့တွေ။

အသွားအပြန်သဘောတရားကတကယ်ကို တည်ရှိတယ်။

သူချစ်သလို ငယ်ကလည်း သူ့ကို ပြန်ချစ်ပေးတယ်။

ရှင်သန်ချိန်မှာ ပြည့်စုံရခြင်းဆိုတာက သည်လိုအရာမျိုး။

လုံးတုံးတုံးကောင်လေးကို ငေးကြည့်ရင်း အူယားစွာ ရင်ခွင်ထဲ ထိုးသွင်းမိတယ်။

သွေးခန့်အတွက် သိပ်သေချာတာတစ်ခုရှိတယ်။

သူ့ရင်ခွင်ထဲက ပုစွန်လုံးကို သူဘယ်တော့မှ လက်လွှတ်ခံတော့မှာ မဟုတ်ဘူး။

စိတ်ရှိတဲ့အတိုင်း ဖြစ်ညှစ်မိတော့ ရင်ခွင်ထဲက ပိစိက လှုပ်ရှားလို့လာပါတယ်။

" အ.. အ... မွန်းတယ်... ဖယ် လွှတ်... "

မိုးလင်းတာနဲ့ မျက်စိမဖွင့်ခင် ငယ့်ပါးစပ်ကအရင်ဖွင့်တယ်။

အလင်းမလာခင်အသံလာတယ်ဆိုတာမျိုး။

ငယ့်ရဲ့ အကြောတင်းအသံလေးနဲ့သာဆို မနက်တိုင်းက ကြည်နူးစရာအပြည့်ဖြစ်နေမှာကို သွေးခန့်သိတယ်။

" ငယ်က အိပ်နေရင်း ဟောက်တယ် "

အတည်ပေါက်ဆိုသော ကိုခန့်စကားကြောင့် Baas မယ် ရှို့တို့ရှန်းတန်း ဖြစ်သွားသည်။

အရင်ကလည်းကိုခန့်နဲ့ တစ်ခါတစ်ခါ အတူအိပ်တုန်း ဟောက်ပေမဲ့ စိတ်ထဲဘာမှ မရှိ။

အိပ်တယ် ။ကန်တယ် ။ခွတယ် ။ဟောက်တယ်။

ဒါက Jay Baas ပဲ ။

အိပ်နေရင်တောင် အငြိမ်မနေတာ။

အခုတော့ ဘယ်လိုမှန်းမသိ။
ခံစားချက်က နည်းနည်း ထူးဆန်းနေတယ်။

ရှက်သလိုလို ရွံ့သလိုလိုမျိုး။

ပုံမှန်ထက်ပိုလာတဲ့ သူတို့နှစ်ဦးကြားဆက်ဆံရေးမှာ အသေးအဖွားတွေက အစ ထူးခြားလာတာ။
အရင်နဲ့ မတူတော့သလိုမျိုး။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now