"မိုးထက်"

"ဟုတ်ကဲ့ အကို"

"မနေ့ကလေ name cardပေးပြီး ပန်းခြင်းမှာတာလေ မှတ်မိလား"

"အင်း.... မှတ်မိတယ်လေ"

"အဲ့တာ ဘယ်သူလာမှာတာလဲ"

"ယောကျာ်ကြီးတစ်ယောက်ဘဲ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့"

"သူ့အသံကဘယ်လိုမျိုးလဲ"

"သူ့အသံက တစ်မျိုးဘဲ"

" အသံကဩလား"

"ဟာ အကိုကလည်း အဲ့လိုတော့ မသိဘူးလေ"

"ဟုတ်လား"

"အကိုက ဘာလုပ်မလို့လဲ"

"ဘာမှ မဟုတ်ပါဘူး ဒီအတိုင်း မေးကြည့်တာပါဘဲ"

"ဟုတ်လို့လား"

"ဟုတ်တယ်"လို့‌သာ ပြန်ဖြေပြီး ကော်ဖီသောက်နေလိုက်သည်။ ကော်ဖီသောက်နေရင်း ဖုန်းလာတာကိုတောင် မကြားမိလိုက်။ မိုးထက်က ဖုန်းလာနေတယ်ပြောမှသာ ဇေယျာ သတသိထားမိတော့သည်။ ဒါနဲ့ ကော်ဖီသောက်တာ ခဏရပ်ပြီး
ဖုန်းကိုင်လိုက်တော့သည်။

"ဟယ်လို"

ဇေယျာ ပြောအပြီး တစ်ဖက်က ပြန်ဖြေလာလေသည်။

"ဟယ်လို"

ထိုအသံဘဲ။ ဇေယျာ နှစ်ခေါက်တောင် ကြားလိုက်ရတဲ့ အသံကို ထပ်ကြားနေရပြန်လေပြီ။  ဇေယျာ ထိုအသံကို ကြားကြားပြီးချင်း ဘာပြောရမှန်း မသိဖြစ်နေချိန် မိုးထက်က‌ နေပြီး ပြန်ပြောဖို့ကို လက်ဟန်ခြေဟန်ဖြင့် သတိပေးတော့သည်။

"အကို ပြန်ပြောလိုက်အုန်းလေ" ဆိုပြီးတော့ပေါ့။

"အော် ဟုတ်ကဲ့ "Butterfly" floral serviceကပါ.......ဘာများ ကူညီပေးရမလဲ ခင်ဗျ"

"မနေ့က ပန်းခြင်းလေးရလိုက်တယ်.....အဲ့တာ‌ကျေးဇူးတင်စကားလှမ်းပြောတာပါ"

"မဟုတ်တာ ကျွန်တော်က ကျေးဇူးတင်ရမှာပါ.... အခုလို ကျွန်တော်တို့ ဆိုင်ကို မှာယူတဲ့ အတွက် ကျေးဇူးပါဘဲ"

"ကောင်းပါပြီဗျာ"

"ဒါနဲ့လေ ဟို....."

"အလုပ်ကိစ္စရှိလို့ ချလိုက်တော့မယ်နော်"
ဆိုပြီး ပြောကာ တစ်ဖက်က အရင် ဖုန်းချသွားတော့သည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now