Part 35 (Unicode)

Start from the beginning
                                    

ဖြစ်စေချင်တာလား။

ဒီပန်းလေးတွကို လာထိုးပေးခဲ့သူသည် မည်သူလဲ။ ဒီအိမ်ကို သူ လာမည်ဟု မည်သူ့ကိုမှ ကြိုတင်အကြောင်းကြားထားခြင်းမရှိခဲ့။ ဒီနေ့မှ ရုတ်တရက် ဆုံးဖြတ်ချက်ချကာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဘယ်လိုမှ မထင်ထားခဲ့။

ထိုသူသည် သူ့အခန်းထဲမှာ ဒီပန်းလေးတွေ နေ့စဉ်လာထည့်ပေးနေခဲ့သည်လား။

သူ မရှိပေမဲ့လေ။

ခံစားရခက်သော ခံစားချက်တစ်ချို့က လုလိယက်စ်၏လည်ပင်းကို သန်မာသောလက်များဖြင့် ဖြည့်ညှစ်နေသလိုပင်။ အခန်းဝမှာ အရိပ်တစ်ခုကြောင့် မျက်နှာပျက်နေသည်ကို ချက်ချင်းပြင်လိုက်ရသည်။ ဒါမီဒယ်သည် သူ့ကို မျက်လုံးပြူးကြည့်နေသည်။

"မင်း ဟိုကောင်လေးကို မသတ်သေးဘူးလား။"

သူငယ်ချင်းဖြစ်သူဆိုလိုချင်သူသည် ဖဲလ်လစ်ဆိုတာကို လုလိယက်စ်သိသည်။ ယခုပင် တွေ့ခဲ့ဟန်တူသည်။ ဒါဆိုဒီကောင်လေး ဒီအိမ်မှာရှိသေးသည်ပေါ့။ လုလိယက်စ် သက်ပြင်းချရင်း ထိုင်ခုံငယ်မှာ ဝင်ထိုင်ဖြစ်သည်။ အပျော်နှင့်ဝမ်းနည်းမှုတစ်ချို့ပေါင်းစည်းထားသော ခံစားချက်ကို သူကိုယ်တိုင် နားမလည်။ ဖဲလ်လစ် ရှိနေသေးသည့်အတွက် ဝမ်းသာမိပေမယ့် မရှိတော့ဖို့ကိုလည်း မျှော်လင့်ခဲ့မိသည်။

ဖဲလ်လစ်သည် သူ့မိသားစုဖြစ်သော အင်ပါယာရှင်အနားမှာသာ ရှိနေသင့်သည်။ ဖဲလ်လစ်ပိုင်ဆိုင်သည့် အရည်အချင်းများနှင့် ယာသမားကျွန်တစ်ယောက်လို ဆက်နေနေသည်ကို သူ့ရန်သူပင် ဖြစ်ပါစေဦး။ မမြင်ရက်နိုင်။

"မင်း ပေါ့လျော့လွန်းတယ် လုလိယက်စ်။ ဒီလောက်မပြတ်သားရင် နောက်ဆိုရင် ပိုဆိုးလိမ့်မယ်။"

ဒါမီဒယ်၏ အပြစ်တင်စကားတွေကို ပြန်လည်တုံ့ပြန်ရန် လုလိယက်စ်မှာ ခွန်အားမရှိ။ ဖဲလ်လစ်ဘာလို့ ထွက်မသွားသေးသည်ကို နားမလည်နိုင်။ အင်ပါယာရှင်နားတွင်ဆိုလျှင် ဖဲလ်လစ်၏ အနေအထားသည် ဂုဏ်အရရော၊ အဆင့်အတန်းအရပါ အခြားလွှတ်တော်အမတ်များထက်ပင် သာပါလိမ့်မည်။ အင်ပါယာရှင်၏ လူယုံတော်တစ်ယောက်၏ အာဏာ၊ အခွင့်အရေးနှင့် ရပိုင်ခွင့်များသည် သာမာန်လွှတ်တော်အမတ်များပင် အိပ်မက် မမက်နိုင်။

ထာ၀ရ ပုံပေWhere stories live. Discover now