Author's Note

29.8K 2K 199
                                    

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕

ထာဝရပုံပေ ကို တစ်ယောက်သောသူအတွက် ရည်စူးချင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တို့ ငယ်ငယ်က စာတွေရေးတယ် သိလားလို့ ဟာသလုပ်ပြီး ပြောခဲ့တယ်။ အဲ့ဒီ့သူက ဟုတ်လား။ အရမ်းတော်တာပဲ။ ဘာလို့မရေးတော့တာလဲ။ ဆက်ရေးပါ ဆိုပြီး အားပေးခဲ့လို့ စာပြန်ရေးဖြစ်ခဲ့တယ်။ စာရေးတာကြောင့် သူ့မှာ ညစာငတ်၊ နေ့လယ်စာငတ်၊ ကလေးထိန်းပေးနေခဲ့ရရင်တောင် ဘယ်တော့မှ မငြိုငြင်ခဲ့ဖူးဘူး။ စာအုပ်ထုတ်မယ်ဆိုတော့လည်း အားပေးခဲ့တဲ့သူ၊ မရောင်းရရင် ရှက်စရာကြီးလို့ပြောတိုင်း သူတို့တွေ ထပ်ထုတ်ရမှာ မပူနဲ့လို့ ယုံကြည်မှုအပြည့်ပေးခဲ့တဲ့သူ။

ချစ်သူလို၊ လင်ယောက်ျားလို၊ အစ်ကိုတစ်ယောက်လို၊ ဖခင်တစ်ယောက်လို စိတ်ရှည်သည်းခံပြီး မမွန်ဘ၀ကို မေတ္တာနဲ့လုံခြုံအောင် နွေးထွေးစေခဲ့သူ အိမ်ကလူကြီးကို ဒီနေရာကနေ ကျေးဇူးတင်ချင်ပါတယ်။

ပုံပေဟာ မမွန်နဲ့ သူနဲ့ ချစ်သူဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ ခရီးတစ်ခု။ ၂၀၀၄ ခုနှစ်တုန်းကပေါ့။ ဘယ်သွားလည်ရင်ကောင်းမလဲဆိုတော့ Venice တို့ Florence တို့ထက် Pompei အကြောင်း သူ ပြောပြတာ။ အဲ့အချိန်ကတည်းက မမွန် စိတ်ထဲ စွဲလမ်းအမြစ်တွယ်နေခဲ့တဲ့ နေရာလေးပေါ့။

ရေးဖြစ်ခဲ့တာကတော့ invisible_clover ပိစိကြောင့်။ 21 နိုဝင်ဘာ ၂၀၁၆ ခုနှစ်တုန်းကလေ။ သူ လာပြောတယ်။ မမွန် နန်းတွင်းနောက်ခံ Historical BL ရေးကြည့်ပါလားတဲ့။ အဲ့လို လာပြောကတည်းက Historical BL ကို အရမ်းရေးချင်သွားတာ။ ၂၀၁၆ ဒီဇင်ဘာ မြန်မာပြည် ပြန်လာတော့ အမျိုးသားပြတိုက်သွားပြီး လေ့လာသေးတယ်။ တကယ်မလွယ်ဘဲ ကိုယ်လည်း မရေးနိုင်လောက်မှန်းသိတော့ မမွန်လေ့လာဖို့အဆင်ပြေတဲ့ ရောမအင်ပါယာခေတ်ကို နောက်ခံမယ်၊ ကိုယ်မြတ်နိုးတဲ့နေရာတစ်ခုဖြစ်တဲ့ ပုံပေမှာ ဇာတ်လမ်းတည်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ဇာတ်လမ်းကို ခေါင်းထဲရှိနေပေမယ့် တကယ်လက်တွေ့ရေးဖြစ်ဖို့ကျတော့ မလွယ်ဘူးရယ်။

ထာ၀ရ ပုံပေWhere stories live. Discover now