Chapter (14)

10.8K 654 13
                                    

[Unicode]

ည11နာရီခွဲ။တစ်ဖက်မှ အသံကတော်တော်နဲ့ထွက်မလာ တိတ်ဆိတ်လျက်။

"hello...ဘယ်သူလဲမသိဘူးးပြန်ပြောအုံးလေ"

အာရုဏ်ထပ်ပြောတော့မှ တစ်ဖက်က ပြန်ဖြေတော့သည်။

"ကိုယ်ပါ... ကိုယ်ခေတ်သစ်ပါ...ကိုယ်မင်းကို စကားပြောချင်လို့ပါ..."

အာရုဏ် အံ့ဩလျှက်။ ယခုကဲ့သို့ခေတ်သစ်ဖုန်းဆက်လာမည်ကို
သူလုံးဝမထင်ထားမိပေ။

"အကိုခေတ်သစ်က...ဘာပြောမလို့လဲ အကိုက ဘာပြောချင်သေးတာလဲ..."

"အကို...တောင်းပန်ပါတယ်...အကိုမင်းကို ပြောခဲ့တာတွေအတွက် အကိုတောင်းပန်ပါတယ်..."

"အကိုက ဘာလို့ ခုမှရုတ်တရက်လာတောင်းပန်ရတာလဲ "

"ကိုယ် မင်းကို ကာရံပိုင်နဲ့အတူရှိနေတာကိုမြင်တိုင်းး ကိုယ့်ရင်တွေ ပူလောင်လာတယ် ကိုယ်သဝန်တိုမိတယ်...အာ့တွေက ကိုယ်မင်းကို ချစ်နေတယ်လို့ပြောခိုင်းနေသလိုပဲ...ဟုတ်တယ် ကိုယ်မင်းကို ချစ်တယ်အာရုဏ်...ကိုယ့်ကိုလဲ ခွှင့်လွှတ်ပေးပါနော်...ကိုယ် အခုသိသွားပါပြီကိုယ်ဝန်ခံပါတယ် ကိုယ်မင်းကို တကယ်ချစ်နေတယ်ဆိုတာကို..."

အာရုဏ် မျက်ရည်များစီးကျလာရသည်။အကိုခေတ်သစ်က ငါ့ကို ချစ်တယ်...ငါမယုံနိုင်ဘူး ဖြစ်နေတယ် အရမ်းလည်းဝမ်းသာမိတယ် ဒါတွေကအိမ်မက်တွေမဖြစ်ပါစေနဲ့။

"အကို...တကယ်ပြောနေတာလားးကျွန်တော့်ကို ချစ်တယ်လို့ပြောနေတာလားး"

"တကယ်ပြောတာပါ ကိုယ်မင်းကိုချစ်တယ် အာရုဏ်...မင်းလဲ ကိုယ့်ကိုပြန်ချစ်ပါနော်...မငိုပါနဲ့ "

"ကျွန်တော်က အကို့ကိုစတွေ့ထဲကချစ်နေခဲ့တာပါ အကိုခုလို ကျွန်တော့်ကိုချစ်တယ်ဆိုတာ သိရတော့ ကျွန်တော်အရမ်းပျော်တယ်အကို..."

"အကို ဝမ်းသာလိုက်တာ ဒါဆိုအကို့ကိုမမုန်းဘူး‌‌ပေါ့ ခွှင့်လွှတ်တာပေါ့နော်"

"အွန်းးမမုန်းပါဘူးအကိုရယ်ခွှင့်လွှတ်ပြီးသားပါ အကို့ကို"

"ကိုယ်အရမ်းဝမ်းသာတာပဲ...အာ့ဆို အခုအာရုဏ် အိပ်တော့နော်နောက်ကျနေပြီ မနက်ကျောင်းမှာတွေ့ကြမယ်နော် ကိုယ့်ဖုန်းလဲ မှတ်ထားအုံး"

🖤Deep Love🖤[COMPLETED]Where stories live. Discover now